K pop

■ Debut နဲ့ Trainee နေ့တွေအကြောင်း ပြောပြခဲ့တဲ့ aespa

— aespa အဖွဲ့ဝင်တွေဟာ MBC radio FM4U ‘Kim Shinyoung Noon Song of Hope’ အစီအစဉ် မှာပါဝင်ခဲ့ပြီး Debut အကြောင်းနဲ့ Trainee နေ့တွေအကြောင်းကို ပြောပြခဲ့ကြပါတယ်။

အစီအစဉ်အတွင်းမှာ DJ Kim Shinyoung က aespa အဖွဲ့ကို Debut လုပ်ပြီးအောင်မြင်ခဲ့တဲ့ ခံစား ချက်ကို မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ Winter က သူမအနေနဲ့ ပေါ်ပြူလာဖြစ်တာကို အောင်မြင်တယ် လို့ မခံစားရသေးကြောင်းလည်းပြောခဲ့ပါတယ်။

Karina က “ ကျွန်မတို့ရဲ့ ဗီဒီယိုဟာ YouTube ရဲ့ ပေါ်ပြူလာ ဗီဒီယို List မှာပါဝင်ပြီးနောက် ပေါ်ပြူ လာဖြစ်လာတာလို့ ခံစားရပါတယ်။ ကျွန်မ Trainee ဘဝတုန်းက ကျွန်မအနေနဲ့ အိပ်မက်တစ်ခုရှိခဲ့ပါ တယ်။ ကျွန်မတို့ရဲ့ Music ကို လမ်းပေါ်လျှောက်သွားပြီး နားထောင်ချင်တာဖြစ်ပါတယ်။ စိတ်မ ကောင်းစွာနဲ့ COVID အကျပ်အတည်းတွေကြောင့် မဖြစ်နိုင်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

နောက်တော့ Giselle က “ ပုဂ္ဂိုလ်ရေးအရ ကျွန်မရဲ့ Trainee ကာလဟာ အရမ်းတိုပါတယ်။ ဒါကြောင့် များစွာသော အနုပညာအကြောင်းအရာနဲ့ပတ်သက်ပြီး နေ့စဉ်နဲ့အမျှ သင်ယူလေ့လာနေပါတယ်” လို့ ပြောခဲ့ပါတယ်။

NingNing ကတော့ “ အဖွဲ့ဝင်တွေကြားမှာ ကျွန်မဟာ Training အရှည်ဆုံးဖြစ်ပါတယ်။ ကျွန်မဟာ 5 နှစ်တောင် Training ဆင်းခဲ့တာဖြစ်ပါတယ်။ ကျွန်မဟာ Debut လုပ်ရမယ်လို့ အကြောင်းကြားခံရတဲ့ အခါ ကျွန်မ ဖိအားတွေရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မကို ထောက်ခံပေးခဲ့တဲ့ စီနီယာတွေကို ကျေးဇူးတင် ပါတယ်။ အခုတော့ ဖိအားတွေထက် အဖွဲ့ရဲ့ ပရိုမိုးရှင်းတွေကို ဆင်နွှဲမယ့် အချိန်ဖြစ်ပါတယ်” လို့ ပြော ခဲ့ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page