K pop

■ HYBE တည်ထောင်သူ Bang Shi Hyuk ကိုယ်တိုင် မနာလိုဖြစ်မိတယ်ဆိုတဲ့ Idol

– – – BTS ကို မွေးထုတ်ပေးခဲ့တဲ့ HYBE တည်ထောင်သူ Bang Shi Hyuk ကတော့ ဒီ Idol ရဲ့ အရည်အချင်းကို မနာလိုဖြစ်မိတယ်လို့တောင် ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါ …

ခေါင်းစဉ်နဲ့ စာအညွှန်းကိုပဲ ဖတ်ပြီး အထင်လွဲမှာလည်း စိုးမိပါတယ်။ တကယ်တမ်း ဒီမှာ Bang Shi Hyuk ဆိုလိုချင်တဲ့ မနာလိုဖြစ်မိတယ်ဆိုတာက အားကျတာကို အထူးပြုထားဖြစ်ပြီး မအောင်မြင်စေချင်လို့ မနာလိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။

Bang Shi Hyuk က K-pop တွေထဲမှာ သူ မနာလိုဖြစ်တဲ့ Idol တစ်ယောက်ရှိကြောင်း ဝန်ခံထားပါတယ်။ Bang Shi Hyuk မနာလိုဖြစ်တဲ့ Idol က တခြားလူတော့ မဟုတ်ပါဘူး။ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ပဲ ဖြစ်ပါတယ်။

အသက် (၁၃) နှစ်ကတည်းက သီချင်းတွေ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုခဲ့ကာ လက်ရှိမှာ K-pop Idol တိုင်း အားကျရတဲ့ G-Dragon ရဲ့ အရည်အချင်းနဲ့ ပါရမီကို Bang Shi Hyuk က ရိုးသားစွာနဲ့ပဲ “G-Dragon ကို မနာလိုတောင် ဖြစ်မိတယ်ဗျာ”လို့ ဝန်ခံခဲ့တာပါ။

K-pop လောကမှာ သီချင်းပေါင်း (၁၇၄)ပုဒ်အထိ သူ့နာမည်နဲ့ မူပိုင်တင်ထားတဲ့ G-Dragon ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ဘာအနုပညာလှုပ်ရှားမှုမှာ မလုပ်ဘဲ စစ်မှုထမ်းနေတာတောင် Royalty အဖြစ် ဝင်ငွေ ဝမ် (၁.၄) ဘီလီယံ (ဒေါ်လာ ၁.၂ သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် K မီဒီယာတွေက G-Dragon အနေနဲ့ ဘာမှ မလုပ်ဘဲနဲ့ အခုကတည်းက ထိုင်စားနေမယ်ဆိုရင်တော့ တစ်နှစ် တစ်နှစ်ကို Royalty အဖြစ် ရတဲ့ ဝင်ငွေနဲ့ပဲ တစ်သက်တာ စားရင်တောင် မကုန်နိုင်ဘူးလို့ ချီးကျူးခဲ့ကြတာပါ။

– ဃဲ
Ref: Koreaboo

You cannot copy content of this page