K pop

■ LE SSERAFIM ကို ပရိုမိုးရှင်းလုပ်တဲ့ ဗီဒီယိုမှာ IVE အဖွဲ့ကို စော်ကားထားလို့ KBS ဝေဖန်ခံနေရ

– – – ပရိုမိုးရှင်းလုပ်ပေးတာ ကိစ္စမရှိပေမဲ့ အခုလို တခြားအဖွဲ့ကို ချိုးသလို၊ နှိမ်သလို စော်ကားတာမျိုးကတော့ လက်ခံနိုင်စရာ မရှိပါဘူး။

IVE အဖွဲ့ရဲ့ပရိသတ်တွေဟာ မသင့်တော်တဲ့ Content အတွက် KBS ကို တောင်းပန်ဖို့ တောင်းဆိုထားကြတာပါ။ သိပ်မကြာခင်က LE SSERAFIM အဖွဲ့ Music Bank performance ဗီဒီယို KBS WORLD TV က “The group who surprised the editor by suddenly becoming a 5-member group” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာပါ။

ဒါပေမဲ့ ဗီဒီယိုတင်ပြီး သိပ်မကြာခင်မှာပဲ thumbnail နဲ့ အထဲမှာ ပါတဲ့ comments တွေမှာ IVE အဖွဲ့ကို စော်ကားထားတဲ့ ပါဝင်နေတာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အထူးသဖြင့် အဲဒီဗီဒီယိုမှာ “IVE လောက်ကတော့ အသာလေးပါ” လို့ thumbnail မှာ ရေးထားသလို၊ comments အချို့ကလည်း ပရိသတ်တွေကို ဒေါသထွက်စေခဲ့တာဖြစ်ပြီး KBS ရဲ့ ဖော်ပြမှုကို ပရိသတ်တွေက မကျေမနပ်ဖြစ်ခဲ့တာပါ။

LE SSERAFIM အဖွဲ့ကို ချီးကျူးတာ ကိစ္စမရှိပေမဲ့ အဲဒီမှာ IVE အဖွဲ့ စော်ကားတာ အထူးသဖြင့် ရုပ်ရည်ပိုင်းနဲ့ ပတ်သက်တဲ့ Comment တွေကို ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Comments အချို့မှာ “IVE မှာ Wonyoung နဲ့ Yujin ပဲ မြင်တယ်။ LE SSERAFIM ကတော့ အဖွဲ့ဝင်တိုင်း လှတယ်။ သူတို့ရဲ့အလှက အလုပ်ကြိုးစားခြင်းပဲ” စတဲ့ မှတ်ချက်တွေကို ဗီဒီယိုထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: KBZ

 

-Zawgyi

■ LE SSERAFIM ကုိ ပ႐ုိမုိးရွင္းလုပ္တဲ့ ဗီဒီယုိမွာ IVE အဖဲြ႕ကို ေစာ္ကားထားလုိ႔ KBS ေ၀ဖန္ခံေနရ

– – – ပ႐ုိမုိးရွင္းလုပ္ေပးတာ ကိစၥမရွိေပမဲ့ အခုလုိ တျခားအဖဲြ႕ကုိ ခ်ဳိးသလုိ၊ ႏွိမ္သလုိ ေစာ္ကားတာမ်ဳိးကေတာ့ လက္ခံႏုိင္စရာ မရွိပါဘူး။

IVE အဖဲြ႕ရဲ႕ပရိသတ္ေတြဟာ မသင့္ေတာ္တဲ့ Content အတြက္ KBS ကုိ ေတာင္းပန္ဖုိ႔ ေတာင္းဆုိထားၾကတာပါ။ သိပ္မၾကာခင္က LE SSERAFIM အဖြဲ႕ Music Bank performance ဗီဒီယုိ KBS WORLD TV က “The group who surprised the editor by suddenly becoming a 5-member group” ဆုိတဲ့ ေခါင္းစဥ္နဲ႔ တင္ခဲ့တာပါ။

ဒါေပမဲ့ ဗီဒီယုိတင္ၿပီး သိပ္မၾကာခင္မွာပဲ thumbnail နဲ႔ အထဲမွာ ပါတဲ့ comments ေတြမွာ IVE အဖဲြ႕ကုိ ေစာ္ကားထားတဲ့ ပါ၀င္ေနတာေၾကာင့္ ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရတာ ျဖစ္ပါတယ္။

အထူးသျဖင့္ အဲဒီဗီဒီယုိမွာ “IVE ေလာက္ကေတာ့ အသာေလးပါ” လုိ႔ thumbnail မွာ ေရးထားသလုိ၊ comments အခ်ဳိ႕ကလည္း ပရိသတ္ေတြကုိ ေဒါသထြက္ေစခဲ့တာျဖစ္ၿပီး KBS ရဲ႕ ေဖာ္ျပမႈကုိ ပရိသတ္ေတြက မေက်မနပ္ျဖစ္ခဲ့တာပါ။

LE SSERAFIM အဖဲြ႕ကုိ ခ်ီးက်ဴးတာ ကိစၥမရွိေပမဲ့ အဲဒီမွာ IVE အဖဲြ႕ ေစာ္ကားတာ အထူးသျဖင့္ ႐ုပ္ရည္ပုိင္းနဲ႔ ပတ္သက္တဲ့ Comment ေတြကုိ ေဒါသထြက္ခဲ့ၾကတာ ျဖစ္ပါတယ္။

Comments အခ်ဳိ႕မွာ “IVE မွာ Wonyoung နဲ႔ Yujin ပဲ ျမင္တယ္။ LE SSERAFIM ကေတာ့ အဖဲြ႕၀င္တုိင္း လွတယ္။ သူတုိ႔ရဲ႕အလွက အလုပ္ႀကိဳးစားျခင္းပဲ” စတဲ့ မွတ္ခ်က္ေတြကုိ ဗီဒီယုိထဲမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Source: KBZ

You cannot copy content of this page