K pop

■ Music Bank မှာ LE SSERAFIM သံသယဖြစ်ဖွယ်ဆုရခဲ့တာကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

– – – ကိုရီးယား Trot အဆိုတော် Im Young Woong ကိုကျော်ပြီး LE SSERAFIM အဖွဲ့ “Music Bank” ဆုရခဲ့တဲ့အပေါ် အဲဒီကတည်းက သံသယမှုတွေရှိခဲ့ပြီး ဘာကြောင့် ရဲတွေ စုံစမ်းနေတာသလဲဆိုတာကို ပုံနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

ဆိုးလ်အခြေစိုက် Yeongdeungpo Police Office က မေ ၂၈ ရက်မှာ မေ ၁၃ ရက်က ထုတ်လွှင့်ခဲ့တဲ့ KBS ရုပ်သံ “Music Bank” အစီအစဉ်မှာ ရမှတ်တွေကို manipulation (လိမ်လည်တယ်)ဆိုပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

မေ ၁၃ ရက်က ထုတ်လွှင့်ခဲ့တဲ “Music Bank” အပိုင်းမှာ trot အဆိုတော် Im Young Woong ဟာ broadcast scores မှာ တစ်မှတ်မရခဲ့ဘဲ နံပါတ် (၁) နေရာကို LE SSERAFIM အဖွဲ့ဆီမှာ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီရလဒ်က ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး KBS ကို အမှတ်တွက်ချက်ပုံနဲ့ပတ်သက်ပြီး ရှင်းပြဖို့ တောင်းဆိုခဲ့ကြတာပါ။ ပရိသတ်တွေက Im Young Woong ဟာ broadcast scores မှာ သုညရခဲ့တာ လက်ခံနိုင်စရာ မရှိဘူးလို့ ဆိုခဲ့ကြပြီး သူရဲ့သီချင်းတွေ ရေဒီယိုတွေ လာခဲ့တာကို သက်သေပြခဲ့ကြပါတယ်။

နောက်ပိုင်း ပရိသတ်တွေက KBS ဟာ အမှတ်ပေးမှုမှာ manipulation လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ကြပြီး ရဲတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခု ရဲတပ်ဖွဲ့က “KBS ရုပ်သံရဲ့ Music Bank အစီအစဉ်မှာ တရားမဝင် လုပ်တာတွေ ရှိ၊ မရှိ ကျွန်တော်တို့ စစ်ဆေးသွားမှာပါ”လို့ ထုတ်ပြန်ခဲ့တာပါ။

Source: KBZ

 

-Zawgyi







Source: KBZ

You cannot copy content of this page