Celebrity

■ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ IU ဝတ်ခဲ့တာ နိုင်ငံခြားဖြစ် ဈေးကြီးဝတ်စုံမဟုတ်ပါဘူး

– – – အရမ်းအဖိုးတန်တဲ့ နိုင်ငံခြားဖြစ် ဝတ်စုံလို့ ထင်စရာရှိပေမဲ့ တကယ်တမ်း ကိန်းမှာ IU ဝတ်ဆင်ခဲ့တာက …

နာမည်ကျော် ကိုရီးယားအဆိုတော်၊ မင်းသမီး IU ဟာ ပြင်သစ်နိုင်ငံမှာ ကျင်းပနေတဲ့ ကိန်းရုပ်ရှင်ပွဲတော်ကို Broker ရုပ်ရှင်တွဲဖက်သရုပ်ဆောင်တွေနဲ့အတူ မေ ၂၆ ရက်က တက်ရောက်ခဲ့တာပါ။

အဲဒီပွဲရဲ့ ကောဇောနီပေါ်မှာ IU ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံနဲ့ သူ့ရဲ့ ကျက်သရေရှိရှိ လှပတဲ့ ပုံရိပ်တွေဟာ ကမ္ဘာအနှံ့က ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပြီး အထူးသဖြင့် အဲဒီပွဲမှာ IU ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံက ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရတာပါ။

IU အနေနဲ့ ကမ္ဘာ့အနှံ့က ကမ္ဘာကျော်အမှတ်တံဆိပ်တွေရဲ့ စပွန်ဆာပေးခြင်းကို ခံခဲ့ရပေမဲ့ အားလုံးကို ငြင်းပယ်ခဲ့ပြီး ဝတ်စုံကတော့ ကိုရီးယားလူမျိုး Choi Jae-hoon Wedding’s 2022 SPRING COLLECTION ကို ရွေးချယ်ခဲ့တာလို့ သိရပါတယ်။

အဲဒီ ကိန်းစ်ရုပ်ရှင်ပွဲ ကောဇောနီမှာ IU ဟာ စိန်လည်ဆွဲ၊ စိန်နားကပ်တွေကိုလည်း ဝတ်ဆင်ခဲ့ပြီး အဲဒီလက်ဝတ်ရတနာတွေကိုတော့ Chaumet က ထုတ်လုပ်ထားပြီး နားကပ်တစ်စုံတင် ဝမ် ၂၈ သန်း တန်ကြေး ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ပရိသတ်တွေကတော့ ကိုယ့်လူမျိုးဖြစ်တဲ့ ကိုရီးယား ဒီဇိုင်နာတွေ ထုတ်လုပ်တဲ့ ဝတ်စုံကို ရွေးချယ်ဝတ်ဆင်ခဲ့ပြီး ကမ္ဘာ့အနှံ့လူတွေ စိတ်ဝင်စားတဲ့ ပွဲကို တက်ခဲ့တဲ့ IU ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

Source: KBZ

 

-Zawgyi

■ ကိန္းစ္႐ုပ္ရွင္ပဲြေတာ္မွာ IU ၀တ္ခဲ့တာ ႏုိင္ငံျခားျဖစ္ ေစ်းႀကီး၀တ္စုံမဟုတ္ပါဘူး

– – – အရမ္းအဖုိးတန္တဲ့ ႏုိင္ငံျခားျဖစ္ ၀တ္စုံလုိ႔ ထင္စရာရွိေပမဲ့ တကယ္တမ္း ကိန္းမွာ IU ၀တ္ဆင္ခဲ့တာက …

နာမည္ေက်ာ္ ကုိရီးယားအဆုိေတာ္၊ မင္းသမီး IU ဟာ ျပင္သစ္ႏုိင္ငံမွာ က်င္းပေနတဲ့ ကိန္း႐ုပ္ရွင္ပဲြေတာ္ကုိ Broker ႐ုပ္ရွင္တဲြဖက္သ႐ုပ္ေဆာင္ေတြနဲ႔အတူ ေမ ၂၆ ရက္က တက္ေရာက္ခဲ့တာပါ။

အဲဒီပဲြရဲ႕ ေကာေဇာနီေပၚမွာ IU ၀တ္ဆင္ခဲ့တဲ့ ၀တ္စုံနဲ႔ သူ႕ရဲ႕ က်က္သေရရွိရွိ လွပတဲ့ ပုံရိပ္ေတြဟာ ကမၻာအႏွ႔ံက ပရိသတ္ေတြကုိ ဆဲြေဆာင္ႏုိင္ခဲ့ၿပီး အထူးသျဖင့္ အဲဒီပဲြမွာ IU ၀တ္ဆင္ခဲ့တဲ့ ၀တ္စုံက ပရိသတ္ေတြရဲ႕ အာ႐ုံစုိက္ျခင္းကုိ ခံခဲ့ရတာပါ။

IU အေနနဲ႔ ကမၻာ့အႏွံ႔က ကမၻာေက်ာ္အမွတ္တံဆိပ္ေတြရဲ႕ စပြန္ဆာေပးျခင္းကုိ ခံခဲ့ရေပမဲ့ အားလုံးကုိ ျငင္းပယ္ခဲ့ၿပီး ၀တ္စုံကေတာ့ ကုိရီးယားလူမ်ဳိး Choi Jae-hoon Wedding’s 2022 SPRING COLLECTION ကုိ ေရြးခ်ယ္ခဲ့တာလုိ႔ သိရပါတယ္။

အဲဒီ ကိန္းစ္႐ုပ္ရွင္ပဲြ ေကာေဇာနီမွာ IU ဟာ စိန္လည္ဆဲြ၊ စိန္နားကပ္ေတြကုိလည္း ၀တ္ဆင္ခဲ့ၿပီး အဲဒီလက္၀တ္ရတနာေတြကုိေတာ့ Chaumet က ထုတ္လုပ္ထားၿပီး နားကပ္တစ္စုံတင္ ၀မ္ ၂၈ သန္း တန္ေၾကး ရွိတယ္လုိ႔ သိရပါတယ္။

ဒါေပမဲ့ ပရိသတ္ေတြကေတာ့ ကုိယ့္လူမ်ဳိးျဖစ္တဲ့ ကုိရီးယား ဒီဇုိင္နာေတြ ထုတ္လုပ္တဲ့ ၀တ္စုံကုိ ေရြးခ်ယ္၀တ္ဆင္ခဲ့ၿပီး ကမၻာ့အႏွံ႔လူေတြ စိတ္၀င္စားတဲ့ ပဲြကုိ တက္ခဲ့တဲ့ IU ကုိ ခ်ီးက်ဴးေျပာဆုိမႈေတြ ျပဳလုပ္ေနၾကပါတယ္။

Source: KBZ

You cannot copy content of this page