K pop

■ အင်္ဂလန်သံရုံးမှာ ရိုက်ကူးထားတဲ့ Rose, Jennie နဲ့ Lisa တို့ရဲ့ Dance Challenge

– – – TikTok မှာ တင်ထားတဲ့ သူတို့ရဲ့ ‘My Money Don’t Jiggle Jiggle’ Dance Challenge မှာ အွန်လိုင်းမှာ Viral ဖြစ်နေပြီး ဘယ်လောက်ထိ ချစ်စရာကောင်းတယ်ဆိုတာကို …

BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rose, Jennie နဲ့ Lisa တို့ဟာ ပေါ်ပြူလာဖြစ်နေတဲ့ ‘My Money Don’t Jiggle Jiggle’ သီချင်း dance challenge ကို ပြုလုပ်ခဲ့ပြီး TikTok မှာ တင်ခဲ့ရာမှာတော့ အွန်လိုင်းမှာ ပရိသတ်တွေရဲ့ အားပေးခြင်း ခံနေရပါတယ်။

BLACKPINK အဖွဲ့ဟာ မေလ ၂၆ ရက်မှာ ဆိုးလ်က အင်္ဂလန်သံရုံးမှာ ကျင်းပခဲ့တဲ့ အင်္ဂလန်ဘုရင်မကြီး Elizabeth II ရဲ့ မွေးနေ့ပွဲနဲ့ နန်းတက် နှစ် ၇၀ ပြည့်ပွဲကို တက်ရောက်ခဲ့ပြီး UN ရဲ့ သံတမန်အဖြစ် တက်ရောက်ခဲ့ရတာပါ။

မေ ၂၈ ရက်မှာတော့ BLACKPINK အဖွဲ့ဝင် Rose ဟာ မေ ၂၆ ရက်က အင်္ဂလန်သံရုံးမှာ ရိုက်ကူးခဲ့တဲ့ သူ့ရဲ့TikTok account မှာ challenge video ကို တင်ခဲ့တာ ဖြစ်ပါတယ်။

Dance Challenge သီချင်းကတော့ British-American documentarian Louis Theroux ရေးထားပြီး TikTok မှာ Viral ဖြစ်နေတဲ့ ‘My Money Don’t Jiggle Jiggle’ ဖြစ်ပါတယ်။ အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page