K pop

■ မင်္ဂလာမဆောင်ခင် ကိုယ်ဝန်ရှိစေခဲ့တဲ့အတွက် Bobby တောင်းပန်ပြီး ငိုခဲ့

– – – iKON အဖွဲ့ဝင်တွေရဲ့ စိုးရိမ်သောကတွေ၊ Bobby ရဲ့ ရိုးသားတဲ့ ဝန်ခံမှုနဲ့ မျက်ရည်တွေက …

Channel A က “Oh Eun-young’s Golden Clinic” အစီအစဉ်မှာ iKON အဖွဲ့ဝင်တွေဖြစ်တဲ့ Ju-ne, DK နဲ့ Bobby တို့ ပါဝင်ထားတဲ့ preview video ကို ပြီးခဲ့တဲ့ရက်ပိုင်းက တင်ခဲ့ပါတယ်။

အဲဒီ preview video မှာ Ju-ne နဲ့ DK တု့ိက အဖွဲ့က ထွက်သွားခဲ့ရတဲ့ B.I အကြောင်းကို ပြောပြခဲ့ပြီး Ju-ne က “ကျွန်တော် ၈ နှစ်ကျော်လောက် အရမ်းကို ကြိုးကြိုးစားစားနဲ့ အလုပ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ B.I ထွက်ခွာသွားပြီးနောက်မှာတော့ ဘာမှ မရှိတော့သလို ခံစားရပါတယ်”လို့ ဆိုပါတယ်။

Bobby ကတော့ လက်ရှိယူထားတဲ့ ဇနီးသည်ဖြစ်သူနဲ့ မင်္ဂလာမဆောင်ခင် ကိုယ်ဝန်ရှိခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပြီး ဒါက မဖြစ်သင့်တဲ့ ကိစ္စဖြစ်တဲ့အတွက် အဲဒီအတွက် တောင်းပန်ကြောင်း ဆိုခဲ့ပြီး ခေါင်းညွှတ်ခဲ့သလို မျက်ရည်တွေပါ ကျခဲ့တာပါ။

ပြီးတော့ Bobby က သူ့ရဲ့သတင်းက တခြားအဖွဲ့ဝင်တွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့လို့ တောင်းပန်တယ်လို့လည်း ဆိုခဲ့ပါတယ်။ Bobby က ခေါင်းကို ညွှတ်ရင်း “မင်္ဂလာမဆောင်ခင် ကိုယ်ဝန်ရှိတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ”လို့ ဆိုပါတယ်။

အဲဒီ preview video မှာ Bobby အနေနဲ့ သူ့ရဲ့ မျက်နှာကို လက်နဲ့ပွတ်ပြီး မျက်ရည်တွေ သုတ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဗီဒီယိုကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Source: KBZ

 

-Zawgyi

■ မဂၤလာမေဆာင္ခင္ ကုိယ္၀န္ရွိေစခဲ့တဲ့အတြက္ Bobby ေတာင္းပန္ၿပီး ငုိခဲ့

– – – iKON အဖဲြ႕၀င္ေတြရဲ႕ စုိးရိမ္ေသာကေတြ၊ Bobby ရဲ႕ ႐ုိးသားတဲ့ ၀န္ခံမႈနဲ႔ မ်က္ရည္ေတြက …

Channel A က “Oh Eun-young’s Golden Clinic” အစီအစဥ္မွာ iKON အဖဲြ႕၀င္ေတြျဖစ္တဲ့ Ju-ne, DK နဲ႔ Bobby တုိ႔ ပါ၀င္ထားတဲ့ preview video ကုိ ၿပီးခဲ့တဲ့ရက္ပုိင္းက တင္ခဲ့ပါတယ္။

အဲဒီ preview video မွာ Ju-ne နဲ႔ DK တု႔ိက အဖဲြ႕က ထြက္သြားခဲ့ရတဲ့ B.I အေၾကာင္းကုိ ေျပာျပခဲ့ၿပီး Ju-ne က “ကၽြန္ေတာ္ ၈ ႏွစ္ေက်ာ္ေလာက္ အရမ္းကုိ ႀကိဳးႀကိဳးစားစားနဲ႔ အလုပ္လုပ္ခဲ့တာပါ။ ဒါေပမဲ့ B.I ထြက္ခြာသြားၿပီးေနာက္မွာေတာ့ ဘာမွ မရွိေတာ့သလုိ ခံစားရပါတယ္”လုိ႔ ဆုိပါတယ္။

Bobby ကေတာ့ လက္ရွိယူထားတဲ့ ဇနီးသည္ျဖစ္သူနဲ႔ မဂၤလာမေဆာင္ခင္ ကုိယ္၀န္ရွိခဲ့တဲ့အေၾကာင္းကုိ ေျပာျပခဲ့ၿပီး ဒါက မျဖစ္သင့္တဲ့ ကိစၥျဖစ္တဲ့အတြက္ အဲဒီအတြက္ ေတာင္းပန္ေၾကာင္း ဆုိခဲ့ၿပီး ေခါင္းညႊတ္ခဲ့သလုိ မ်က္ရည္ေတြပါ က်ခဲ့တာပါ။

ၿပီးေတာ့ Bobby က သူ႕ရဲ႕သတင္းက တျခားအဖဲြ႕၀င္ေတြအတြက္ ၀န္ထုပ္၀န္ပုိးျဖစ္ခဲ့လုိ႔ ေတာင္းပန္တယ္လုိ႔လည္း ဆုိခဲ့ပါတယ္။ Bobby က ေခါင္းကုိ ညႊတ္ရင္း “မဂၤလာမေဆာင္ခင္ ကုိယ္၀န္ရွိတယ္ဆုိတာ မျဖစ္သင့္တဲ့ ကိစၥပါ”လုိ႔ ဆုိပါတယ္။

အဲဒီ preview video မွာ Bobby အေနနဲ႔ သူ႕ရဲ႕ မ်က္ႏွာကုိ လက္နဲ႔ပြတ္ၿပီး မ်က္ရည္ေတြ သုတ္ေနတာကုိလည္း ျမင္ေတြ႕ခဲ့ရပါတယ္။ ဗီဒီယုိကုိေတာ့ ေအာက္မွာ ၾကည့္႐ႈႏုိင္ပါတယ္။

Source: KBZ

You cannot copy content of this page