SPORTS

■ ၂၀၂၁-၂၂ ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တဲ့ မိုဆာလာရဲ့ဂိုးကို ခံစားနိုင်ပြီ

ပါရီက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ရီးယဲလ်ကို ထပ်ရှုံးလို့ ကြေကွဲခဲ့ရတဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာအတွက် အင်္ဂလန်မှာ နှစ်သိမ့်မယ့် ဆုတစ်ဆုက သူ့အတွက် စောင့်ကြိုနေတာ ဖြစ်ပါတယ်။

ဒီနေ့ မေ ၂၉ ရက်မှာ ပရီးမီးယားလိဂ်က ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ် အကောင်းဆုံးသွင်းဂိုးဆုကို မန်စီးတီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဆာလာရဲ့ သွင်းဂိုးက ရရှိကြောင်း ကြေညာခဲ့တာပါ။

၂၀၂၁ အောက်တိုဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် လီဗာပူးလ် ၂-၂ မန်စီးတီးပွဲမှာ ဆာလာဟာ ညာတောင်ပံကနေ မန်စီးတီးကစားသမားတွေ လှလှပပ လိမ်ခေါက်ကျော်ဖြတ်ကာ မန်စီးတီးဂိုးသမား အီဒါဆန်ရဲ့ ညာဘက်ထောင့်ထဲကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မိုဆာလာရဲ့ အဲဒီဂိုးက နယူးကာဆယ်ကွင်းလယ်လူ အယ်လ်မီရွန်၊ ဗီလာတိုက်စစ်မှူး ဒန်နီအင့်စ်၊ ချယ်လ်ဆီးကွင်းလယ်လူ ကိုဗာဆစ်၊ အာဆင်နယ်တိုက်စစ်မှူး လာကာဇက်၊ မန်စီးတီးကွင်းလယ်လူ ရိုဒရီ၊

မန်ယူတိုက်စစ်မှူး စီရော်နယ်လ်ဒို၊ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်၊ အဲဗာတန်တောင်ပံကစားသမား တောင်ဆန်နဲ့ ပဲလေ့စ်တိုက်စစ်ကစားသမား ဇာဟာတို့ရဲ့ ဂိုးတွေကို ကျော်ကာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် အီဂျစ်လက်ရွေးစင်တိုက်စစ်ကစားသမား ဆာလာဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ရွှေဖိနပ်ဆုကို (စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်နဲ့အတူ) ပူးတွဲရရှိခဲ့သလို ဂိုးဖန်တီးမှု ၁၂ ကြိမ်နဲ့ Playmaker ဆုကိုလည်း ရရှိခဲ့တာပါ။ ဆာလာရဲ့ သွင်းဂိုးကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

 

-Zawgyi

■ ၂၀၂၁-၂၂ ပရီးမီးယားလိဂ္အေကာင္းဆုံးသြင္းဂုိးဆုကုိ ရရွိခဲ့တဲ့ မုိဆာလာရဲ႕ဂုိးကုိ ခံစားႏုိင္ၿပီ

ပါရီက ခ်န္ပီယံလိဂ္ဖုိင္နယ္မွာ ရီးယဲလ္ကို ထပ္႐ႈံးလုိ႔ ေၾကကဲြခဲ့ရတဲ့ လီဗာပူးလ္တုိက္စစ္ကစားသမား မုိဆာလာအတြက္ အဂၤလန္မွာ ႏွစ္သိမ့္မယ့္ ဆုတစ္ဆုက သူ႕အတြက္ ေစာင့္ႀကိဳေနတာ ျဖစ္ပါတယ္။

ဒီေန႔ ေမ ၂၉ ရက္မွာ ပရီးမီးယားလိဂ္က ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ အေကာင္းဆုံးသြင္းဂုိးဆုကိုိ မန္စီးတီးနဲ႔ပဲြမွာ သြင္းယူခဲ့တဲ့ လီဗာပူးလ္တုိက္စစ္ကစားသမား မုိဆာလာရဲ႕ သြင္းဂုိးက ရရွိေၾကာင္း ေၾကညာခဲ့တာပါ။

၂၀၂၁ ေအာက္တုိဘာလက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပဲြစဥ္ လီဗာပူးလ္ ၂-၂ မန္စီးတီးပဲြမွာ ဆာလာဟာ ညာေတာင္ပံကေန မန္စီးတီးကစားသမားေတြ လွလွပပ လိမ္ေခါက္ေက်ာ္ျဖတ္ကာ မန္စီးတီးဂုိးသမား အီဒါဆန္ရဲ႕ ညာဘက္ေထာင့္ထဲကုိ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။

မုိဆာလာရဲ႕ အဲဒီဂုိးက နယူးကာဆယ္ကြင္းလယ္လူ အယ္လ္မီရြန္၊ ဗီလာတုိက္စစ္မွဴး ဒန္နီအင့္စ္၊ ခ်ယ္လ္ဆီးကြင္းလယ္လူ ကုိဗာဆစ္၊ အာဆင္နယ္တုိက္စစ္မွဴး လာကာဇက္၊ မန္စီးတီးကြင္းလယ္လူ ႐ုိဒရီ၊ မန္ယူတုိက္စစ္မွဴး စီေရာ္နယ္လ္ဒုိ၊ စပါးတုိက္စစ္ကစားသမား ဆြန္ေဟာင္မင္၊ အဲဗာတန္ေတာင္ပံကစားသမား ေတာင္ဆန္နဲ႔ ပဲေလ့စ္တုိက္စစ္ကစားသမား ဇာဟာတုိ႔ရဲ႕ ဂိုးေတြကုိ ေက်ာ္ကာ ဆုရရွိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ အီဂ်စ္လက္ေရြးစင္တုိက္စစ္ကစားသမား ဆာလာဟာ ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြမွာ သြင္းဂုိး ၂၃ ဂုိးနဲ႔ ေရႊဖိနပ္ဆုကုိ (စပါးတုိက္စစ္ကစားသမား ဆြန္ေဟာင္မင္နဲ႔အတူ) ပူးတဲြရရွိခဲ့သလုိ ဂုိးဖန္တီးမႈ ၁၂ ႀကိမ္နဲ႔ Playmaker ဆုကုိလည္း ရရွိခဲ့တာပါ။ ဆာလာရဲ႕ သြင္းဂုိးကုိ ေအာက္က ဗီဒီယုိမွာ ခံစားႏုိင္ပါတယ္။

You cannot copy content of this page