– – – အလှအပနဲ့ပတ်သက်လို့ စံချိန်မြင့်မားတဲ့ K-Pop လောကမှာ ဝိတ်တက်ရင် အပြစ်ပြောခံရလေ့ရှိပေမဲ့ ဒီ BLACKPINK အဖွဲ့ဝင်ကတော့ ဝိတ်တက်လာတာတောင် လှတယ်လို့ Netizens တွေရဲ့ ချီးကျူးခြင်း ခံနေရတာပါ။
Netizens တွေဟာ အွန်လိုင်းမှာ ခုတလော BLACKPINK အဖွဲ့ဝင် Rose တစ်ယောက် ဝိတ်အနည်းငယ် တက်လာတယ်လို့ ဆိုနေကြပါတယ်။ အွန်လိုင်းကွန်မြူနတီတစ်ခုမှာ ပရိသတ်တစ်ယောက်က “Rose ရဲ့ ခန္ဓာကိုယ်အချိုးအစား ဝိတ်တက်လာမှာ ပိုတောင် လှလာသေးတယ်”လို့ ခေါင်းစဉ်တင် ရေးသားခဲ့တာပါ။
ဒါကို တခြား Netizens တွေကလည်း သဘောတူခဲ့ကြပြီး “Rose ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအချိုးအစားက နဂိုကတည်းက လှတာဆိုတော့ ဝိတ်တက်သည် ဖြစ်စေ၊ မတက်သည်ဖြစ်စေ လှတာ သိပ်တော့လည်း မဆန်းပါဘူး”လို့ မှတ်ချက်ပေးခဲ့သလို၊
တခြား ပရိသတ်တစ်ယောက်ကလည်း “ဝိတ်တက်လာတယ်ဆိုပေမဲ့ သူ ပိန်နေတုန်းပါပဲ။ ဒါပေမဲ့ သူ တကယ် လှပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရိုးတွေက တော်တော်လေးသေးပုံရတယ်”လို့ မှတ်ချက်ရေးသားခဲ့တာ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့်တော့ Netizens တွေဟာ ဝိတ်အနည်းငယ် တက်လာတယ်ဆိုပေမဲ့ Rose ဟာ ပိန်နေဆဲ ဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစား မိုက်တာကြောင့် သိပ်တော့ Effect မဖြစ်ဘူးလို့ ဆိုပါတယ်။ အများစုကတော့ ဝိတ်မတက်ပါဘူးလို့ မှတ်ချက်ရေးခဲ့ကြတာပါ။
Source: AKP
-Zawgyi
■ ၀ိတ်တက်တာတောင် လှတယ်လို့ ချီးကျူးခံရတဲ့ BLACKPINK အဖွဲ့ဝင်
Source: AKP