K pop

■ EXO နဲ့ MAMA တို့အကြား အဖုအထစ် Saga ဘယ်လိုစတင်ခဲ့သလဲ

-UNICODE

– – – MAMA မှာ EXO ရဲ့ တေးသွားတွေ မလွှင့်ပျံ့တာ (၃) နှစ်အထိ ရှိခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ပြဿနာတွေ ယူဆောင်လာတတ်တဲ့ MAMA ဟာ……

2020 MAMA ကို ဒီဇင်ဘာ (၆) ရက်နေ့က တောင်ကိုရီးယားနိုင်ငံမှာလည်း ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း EXO အဖွဲ့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

တကယ်ဆိုရင် EXO ဟာ MAMA မှာ အစဉ်အလာကြီးမားတဲ့ အဖွဲ့ဖြစ်ပါတယ်။ MAMA ရဲ့ အဓိက Daesang ဆုဖြစ်တဲ့ Album of The Year ကို (၅) နှစ်ဆက်တိုက်ရရှိခဲ့တဲ့ ပထမဆုံးအဖွဲ့အဖြစ်လည်း ဒီနေ့အထိ စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း ပြဿနာတွေ ယူဆောင်လာတတ်တဲ့ MAMA ဟာ EXO အဖွဲ့နဲ့အကြားမှာလည်း အဖုအထစ်တွေ ရှိနေခဲ့တာပါ။ MAMA ရဲ့ EXO အဖွဲ့အပေါ် ဆက်ဆံပုံတွေက EXO-L တွေအမြင်မှာတော့ လုံး၀ သည်းမခံနိုင်စရာမျိုး ဖြစ်နေတာပါ။

၂၀၁၅ ခုနှစ်က EXO ရဲ့ performance video ဖြစ်တဲ့ Love Me Right ကို ဖျက်ပစ်လိုက်တာက Mnet အနေနဲ့ မလုပ်သင့်တဲ့ လုပ်ရပ်မျိုးဖြစ်ပြီး စတင် စည်းဖောက်လိုက်တာပါပဲ။ အဲဒီ Love Me Right ဗီဒီယိုဖိုင်ဟာ Views (၇) သိန်း ကျော်အထိ ရှိနေခဲ့ပြီးမှ Mnet က အရည်အသွေးပိုင်းကို ပြန်ပြင်ဆင်ဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်ချပစ်ခဲ့တာပါ။

Mnet က အဲဒီဗီဒီယိုဖိုင်ကို ခဏအတွင်း ပြန်တင်ခဲ့ပေမဲ့လည်း ပထမဗီဒီယိုက Views တွေက ကွယ်ပျောက်သွားခဲ့ပြီးပြီဖြစ်ပြီး EXO-L တွေရဲ့ ကြိုးပမ်းမှု အချည်းနှီး ဖြစ်ခဲ့ရပါတယ်။ ပိုပြီး နာကျည်းစရာကောင်းတာ တခြားအဖွဲ့တွေကို Mnet က လွှတ်ပေးခဲ့ပြီး EXO တစ်ဖွဲ့တည်းအပေါ်သာ အဲဒီလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Views ဆိုတာက ဆုတွေအတွက် အရေးပါဆုံးအချက်ကို Mnet က သိသိရက်နဲ့ လုပ်ချရက်လေသလား။

၂၀၁၇ ခုနှစ် ဆုပေးပွဲကတော့ EXO နဲ့ EXO-L တွေအတွက် အမှောင်အဖုံးဆုံး နှစ်တစ်နှစ်ပါပဲ။ တစ်နည်းအားဖြင့် Mnet ရဲ့ EXO အဖွဲ့အပေါ် မတရားဆက်ဆံမှုတွေ ပိုမိုကြီးထွားလာတဲ့နှစ်လည်း ဖြစ်တယ်။ MAMA ရဲ့မူအရ ပရိသတ်တွေရဲ့ မဲရလဒ်က နောက်ဆုံးဆုရလဒ်မှာ ၂၀-၃၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ မဲရလဒ်က ဘာမှအရေးမပါတော့သလို Mnet က ဖန်တီးခဲ့ပြန်ပါတယ်။ မဲရလဒ်အရ “the best male group ကို EXO အဖွဲ့က ရရမဲ့အစား Wanna One က ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် အဲဒီနှစ်မှာ EXO က ဆုအမျိုးအစား (၁၉) ဆုမှာ ဆန်ခါတင်စာရင်းဝင်ပြီး (၇) ခုမှာ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဆုတစ်ဆုသာ ရရှိခဲ့ပါတယ်။ EXO နဲ့ EXO-L တို့ရဲ့ ကြိုးစားမှုကို Mnet က လှောင်ပြောင်ရက်သလား။

ဖျော်ဖြေမှု အပိုင်းမှာလည်း Mnet ရဲ့လုပ်ရပ်တွေက မေးခွန်းထုတ်စရာတွေပါပဲ။ အမှန်ဆိုရင် Rookie အဖွဲ့တွေက အရင်ဖျော်ဖြေရပြီး အဖွဲ့ကြီးတွေက နောက်မှဖျော်ဖြေရတာပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ Daesang ဆုများစွာရထားပြီး အစဉ်အလာကြီးမားတဲ့ EXO ဟာ Wanna One ထက်အရင် ဖျော်ဖြေခဲ့ရတယ်။ ဒါက EXO-L တွေရဲ့ ဒေါသကို ပိုမိုဆွသလိုဖြစ်ခဲ့ပြီး MAMA အပေါ် မကျေနပ်ချက်တွေကလည်း ပိုမိုကြီးထွားလာရပါတယ်။ EXO နဲ့ MAMA တို့အကြား အရင်ဘဝက ဘယ်လို ရေစက်ဆိုးမျိုး ရှိခဲ့လို့လဲ။

EXO-L တွေအပေါ်လည်း MAMA ရဲ့လုပ်ရပ်က စိတ်ပျက်စရာပါ။ 2017 MAMA မှာ EXO-L တွေက Mnet အစောင့်တွေရဲ့ တွန်းထိုးခြင်းကို ခံရတယ်။ light sticks တွေအလွှင့်ပစ်ခံရတယ်။ ဒီဖြစ်ရပ်တွေကို EXO အဖွဲ့ဝင်တွေ သိမြင်ခဲ့ပြီးနောက် တော်တော်လေး စိတ်ပျက်သွားခဲ့ရကြောင်း အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့Song Joong Ki ကလည်း အတည်ပြုပေးခဲ့တယ်။

album of the year ဆု ရရှိပြီးနောက် Baekhyun က “ကောင်းပြီ။ ကျွန်တော်တို့ ဆုတစ်ဆုရခဲ့တယ်။ အခုတော့ ခင်ဗျားတို့ အိမ်ပြန်ပြီး ကောင်းကောင်းနားလို့ရပါပြီ။ မင်းတို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ကြတယ်။ လာမဲ့နှစ် ဒီနေရာမှာပဲ ကျွန်တော်တို့ ပြန်တွေ့ကြမယ်”လို့ EXO-L တွေကို နှစ်သိမ့်စကားဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း EXO အဖွဲ့ဟာ MAMA ကို မတက်ရောက်တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက EXO-L တွေ နာကျင်နေတာကို မကြည့်ရက်နိုင်တော့တဲ့ EXO အဖွဲ့ဝင်တွေရဲ့ နှလုံးသားကလာတဲ့ ဆုံးဖြတ်ချက်ပါ။

EXO အဖွဲ့ခေါင်းဆောင် Suho ရဲ့စကားတစ်ခွန်းကလည်း နာကျင်နေတဲ့ EXO-L တွေရဲ့ ဒဏ်ရာကို အကောင်းဆုံးကုစားပေးနိုင်တဲ့ ဆေးတစ်ခွက် ဖြစ်ခဲ့တယ်။ “ခင်ဗျားတို့ Vote တွေ ပေးနေစရာ မလိုတော့ဘူး။

ကျွန်တော်တို့အတွက်တော့ EXO-L တွေက Daesang ပါပဲ”တဲ့။ ဆုလက်ခံရအပြီး EXO အဖွဲ့ဝင်တွေလည်း ငိုကြတယ်။ EXO-L တွေလည်း ငိုကြတယ်။

ရပါတယ်..Ment။ ခင်ဗျား စိတ်ကြိုက် ကျွန်တော်တို့ကို ပျက်စီးပစ်လိုက်စမ်းပါ။ ခင်ဗျား အလိုရှိသလောက် ကျွန်တော်တို့ကို မတရားသဖြင့် ပြုပါ။ အံ့မကြိတ်ဘူး၊ တက်မခေါက်ဘူး။ ကျွန်တော်တို့နဲ့ EXO-L တွေရဲ့ တွဲလက် ခိုင်ခိုင်မြဲနေသရွေ့ ဘာကိုမှ တုန်လှုပ်နေမှာ မဟုတ်ဘူး။ အဲဒီအချိန် EXO အဖွဲ့ဝင်တွေရဲ့ နှလုံးသားထဲမှာ ဒီလိုစကားသံမျိုးတွေ ပဲ့တင်နေမယ်ထင်ပါတယ်။

အဲဒီနောက် EXO အကြီးဆုံး Fan Club တွေက Mnet မှာ ၂၀၁၈ ခုနှစ်ကစပြီး မဲမပေးကြတော့ဖို့ EXO-L တွေကို လိုက်တိုက်တွန်းခဲ့တယ်။ Mnet ကို EXO နဲ့ EXO-L တွေ မီးမှိတ်ပစ်လိုက်ကြတယ်။ EXO ရဲ့ တေးသွားတွေကို မတရားသဖြင့် ခံခဲ့ရတဲ့ Mnet မှာ ပျံ့လွှင့်ခွင့် မပေးတော့ပါဘူး။

EXO နဲ့ EXO-L တို့ရဲ့ တွဲလက်တွေ ခိုင်ခိုင်မြဲနေသရွှေ့ မိုးပြိုကျရင်တောင် သူတို့က ဂရုမစိုက်တတ်တာမျိုး။ အဲဒီလောက်အထိ EXO နဲ့ EXO-L တို့ရဲ့ နှလုံးသားဟာရဲရဲနီပြီး သွေးစီးပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ EXO နဲ႔ MAMA တုိ႔အၾကား အဖုအထစ္ Saga ဘယ္လိုစတင္ခဲ့သလဲ

– – – MAMA မွာ EXO ရဲ႕ ေတးသြားေတြ မလႊင့္ပ်ံ႕တာ (၃) ႏွစ္အထိ ရွိခဲ့ပါၿပီ။ ႏွစ္စဥ္ႏွစ္တိုင္း ျပႆနာေတြ ယူေဆာင္လာတတ္တဲ့ MAMA ဟာ……

2020 MAMA ကို ဒီဇင္ဘာ (၆) ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံမွာလည္း က်င္းပခဲ့တာျဖစ္ၿပီး ဒီႏွစ္မွာလည္း EXO အဖြဲ႕ တက္ေရာက္ခဲ့ျခင္း မရွိပါဘူး။

တကယ္ဆိုရင္ EXO ဟာ MAMA မွာ အစဥ္အလာႀကီးမားတဲ့ အဖြဲ႕ျဖစ္ပါတယ္။ MAMA ရဲ႕ အဓိက Daesang ဆုျဖစ္တဲ့ Album of The Year ကို (၅) ႏွစ္ဆက္တိုက္ရရွိခဲ့တဲ့ ပထမဆုံးအဖြဲ႕အျဖစ္လည္း ဒီေန႔အထိ စံခ်ိန္တင္ထားဆဲ ျဖစ္ပါတယ္။

ဒါေပမဲ့ ႏွစ္စဥ္ႏွစ္တိုင္း ျပႆနာေတြ ယူေဆာင္လာတတ္တဲ့ MAMA ဟာ EXO အဖြဲ႕နဲ႔အၾကားမွာလည္း အဖုအထစ္ေတြ ရွိေနခဲ့တာပါ။ MAMA ရဲ႕ EXO အဖြဲ႕အေပၚ ဆက္ဆံပုံေတြက EXO-L ေတြအျမင္မွာေတာ့ လုံး၀ သည္းမခံႏိုင္စရာမ်ိဳး ျဖစ္ေနတာပါ။

၂၀၁၅ ခုႏွစ္က EXO ရဲ႕ performance video ျဖစ္တဲ့ Love Me Right ကို ဖ်က္ပစ္လိုက္တာက Mnet အေနနဲ႔ မလုပ္သင့္တဲ့ လုပ္ရပ္မ်ိဳးျဖစ္ၿပီး စတင္ စည္းေဖာက္လိုက္တာပါပဲ။ အဲဒီ Love Me Right ဗီဒီယိုဖိုင္ဟာ Views (၇) သိန္း ေက်ာ္အထိ ရွိေနခဲ့ၿပီးမွ Mnet က အရည္အေသြးပိုင္းကို ျပန္ျပင္ဆင္ဦးမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ဖ်က္ခ်ပစ္ခဲ့တာပါ။

Mnet က အဲဒီဗီဒီယိုဖိုင္ကို ခဏအတြင္း ျပန္တင္ခဲ့ေပမဲ့လည္း ပထမဗီဒီယိုက Views ေတြက ကြယ္ေပ်ာက္သြားခဲ့ၿပီးၿပီျဖစ္ၿပီး EXO-L ေတြရဲ႕ ႀကိဳးပမ္းမႈ အခ်ည္းႏွီး ျဖစ္ခဲ့ရပါတယ္။ ပိုၿပီး နာက်ည္းစရာေကာင္းတာ တျခားအဖြဲ႕ေတြကို Mnet က လႊတ္ေပးခဲ့ၿပီး EXO တစ္ဖြဲ႕တည္းအေပၚသာ အဲဒီလို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ Views ဆိုတာက ဆုေတြအတြက္ အေရးပါဆုံးအခ်က္ကို Mnet က သိသိရက္နဲ႔ လုပ္ခ်ရက္ေလသလား။

၂၀၁၇ ခုႏွစ္ ဆုေပးပြဲကေတာ့ EXO နဲ႔ EXO-L ေတြအတြက္ အေမွာင္အဖုံးဆုံး ႏွစ္တစ္ႏွစ္ပါပဲ။ တစ္နည္းအားျဖင့္ Mnet ရဲ႕ EXO အဖြဲ႕အေပၚ မတရားဆက္ဆံမႈေတြ ပိုမိုႀကီးထြားလာတဲ့ႏွစ္လည္း ျဖစ္တယ္။ MAMA ရဲ႕မူအရ ပရိသတ္ေတြရဲ႕ မဲရလဒ္က ေနာက္ဆုံးဆုရလဒ္မွာ ၂၀-၃၀ ရာခိုင္ႏႈန္းအထိ ပါဝင္ပါတယ္။

ဒါေပမဲ့ ၂၀၁၇ ခုႏွစ္မွာေတာ့ မဲရလဒ္က ဘာမွအေရးမပါေတာ့သလို Mnet က ဖန္တီးခဲ့ျပန္ပါတယ္။ မဲရလဒ္အရ “the best male group ကို EXO အဖြဲ႕က ရရမဲ့အစား Wanna One က ရရွိသြားခဲ့ပါတယ္။ ဒါ့အျပင္ အဲဒီႏွစ္မွာ EXO က ဆုအမ်ိဳးအစား (၁၉) ဆုမွာ ဆန္ခါတင္စာရင္းဝင္ၿပီး (၇) ခုမွာ ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ ဆုတစ္ဆုသာ ရရွိခဲ့ပါတယ္။ EXO နဲ႔ EXO-L တို႔ရဲ႕ ႀကိဳးစားမႈကို Mnet က ေလွာင္ေျပာင္ရက္သလား။

ေဖ်ာ္ေျဖမႈ အပိုင္းမွာလည္း Mnet ရဲ႕လုပ္ရပ္ေတြက ေမးခြန္းထုတ္စရာေတြပါပဲ။ အမွန္ဆိုရင္ Rookie အဖြဲ႕ေတြက အရင္ေဖ်ာ္ေျဖရၿပီး အဖြဲ႕ႀကီးေတြက ေနာက္မွေဖ်ာ္ေျဖရတာပါ။ ဒါေပမဲ့ ၂၀၁၇ ခုႏွစ္မွာေတာ့ Daesang ဆုမ်ားစြာရထားၿပီး အစဥ္အလာႀကီးမားတဲ့ EXO ဟာ Wanna One ထက္အရင္ ေဖ်ာ္ေျဖခဲ့ရတယ္။ ဒါက EXO-L ေတြရဲ႕ ေဒါသကို ပိုမိုဆြသလိုျဖစ္ခဲ့ၿပီး MAMA အေပၚ မေက်နပ္ခ်က္ေတြကလည္း ပိုမိုႀကီးထြားလာရပါတယ္။ EXO နဲ႔ MAMA တို႔အၾကား အရင္ဘဝက ဘယ္လို ေရစက္ဆိုးမ်ိဳး ရွိခဲ့လို႔လဲ။

EXO-L ေတြအေပၚလည္း MAMA ရဲ႕လုပ္ရပ္က စိတ္ပ်က္စရာပါ။ 2017 MAMA မွာ EXO-L ေတြက Mnet အေစာင့္ေတြရဲ႕ တြန္းထိုးျခင္းကို ခံရတယ္။ light sticks ေတြအလႊင့္ပစ္ခံရတယ္။ ဒီျဖစ္ရပ္ေတြကို EXO အဖြဲ႕ဝင္ေတြ သိျမင္ခဲ့ၿပီးေနာက္ ေတာ္ေတာ္ေလး စိတ္ပ်က္သြားခဲ့ရေၾကာင္း အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့Song Joong Ki ကလည္း အတည္ျပဳေပးခဲ့တယ္။

album of the year ဆု ရရွိၿပီးေနာက္ Baekhyun က “ေကာင္းၿပီ။ ကြၽန္ေတာ္တို႔ ဆုတစ္ဆုရခဲ့တယ္။ အခုေတာ့ ခင္ဗ်ားတို႔ အိမ္ျပန္ၿပီး ေကာင္းေကာင္းနားလို႔ရပါၿပီ။ မင္းတို႔ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ၾကတယ္။ လာမဲ့ႏွစ္ ဒီေနရာမွာပဲ ကြၽန္ေတာ္တို႔ ျပန္ေတြ႕ၾကမယ္”လို႔ EXO-L ေတြကို ႏွစ္သိမ့္စကားဆိုခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီေနာက္ပိုင္း EXO အဖြဲ႕ဟာ MAMA ကို မတက္ေရာက္ေတာ့ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါက EXO-L ေတြ နာက်င္ေနတာကို မၾကည့္ရက္ႏိုင္ေတာ့တဲ့ EXO အဖြဲ႕ဝင္ေတြရဲ႕ ႏွလုံးသားကလာတဲ့ ဆုံးျဖတ္ခ်က္ပါ။

EXO အဖြဲ႕ေခါင္းေဆာင္ Suho ရဲ႕စကားတစ္ခြန္းကလည္း နာက်င္ေနတဲ့ EXO-L ေတြရဲ႕ ဒဏ္ရာကို အေကာင္းဆုံးကုစားေပးႏိုင္တဲ့ ေဆးတစ္ခြက္ ျဖစ္ခဲ့တယ္။ “ခင္ဗ်ားတို႔ Vote ေတြ ေပးေနစရာ မလိုေတာ့ဘူး။

ကြၽန္ေတာ္တို႔အတြက္ေတာ့ EXO-L ေတြက Daesang ပါပဲ”တဲ့။ ဆုလက္ခံရအၿပီး EXO အဖြဲ႕ဝင္ေတြလည္း ငိုၾကတယ္။ EXO-L ေတြလည္း ငိုၾကတယ္။

ရပါတယ္..Ment။ ခင္ဗ်ား စိတ္ႀကိဳက္ ကြၽန္ေတာ္တို႔ကို ပ်က္စီးပစ္လိုက္စမ္းပါ။ ခင္ဗ်ား အလိုရွိသေလာက္ ကြၽန္ေတာ္တို႔ကို မတရားသျဖင့္ ျပဳပါ။ အံ့မႀကိတ္ဘူး၊ တက္မေခါက္ဘူး။ ကြၽန္ေတာ္တို႔နဲ႔ EXO-L ေတြရဲ႕ တြဲလက္ ခိုင္ခိုင္ၿမဲေနသေ႐ြ႕ ဘာကိုမွ တုန္လႈပ္ေနမွာ မဟုတ္ဘူး။ အဲဒီအခ်ိန္ EXO အဖြဲ႕ဝင္ေတြရဲ႕ ႏွလုံးသားထဲမွာ ဒီလိုစကားသံမ်ိဳးေတြ ပဲ့တင္ေနမယ္ထင္ပါတယ္။

အဲဒီေနာက္ EXO အႀကီးဆုံး Fan Club ေတြက Mnet မွာ ၂၀၁၈ ခုႏွစ္ကစၿပီး မဲမေပးၾကေတာ့ဖို႔ EXO-L ေတြကို လိုက္တိုက္တြန္းခဲ့တယ္။ Mnet ကို EXO နဲ႔ EXO-L ေတြ မီးမွိတ္ပစ္လိုက္ၾကတယ္။ EXO ရဲ႕ ေတးသြားေတြကို မတရားသျဖင့္ ခံခဲ့ရတဲ့ Mnet မွာ ပ်ံ႕လႊင့္ခြင့္ မေပးေတာ့ပါဘူး။

EXO နဲ႔ EXO-L တို႔ရဲ႕ တြဲလက္ေတြ ခိုင္ခိုင္ၿမဲေနသေ႐ႊ႕ မိုးၿပိဳက်ရင္ေတာင္ သူတို႔က ဂ႐ုမစိုက္တတ္တာမ်ိဳး။ အဲဒီေလာက္အထိ EXO နဲ႔ EXO-L တို႔ရဲ႕ ႏွလုံးသားဟာရဲရဲနီၿပီး ေသြးစီးပါတယ္။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page