K pop

■ Jennie ရဲ့ Chanel နားကပ်ကို BTS အဖွဲ့ဝင် V ဝတ်ဆင်ထား

– – – Jennie နဲ့ ဒိတ်သတင်းတွေ ထွက်ပြီးနောက် ပထမဆုံး လူမြင်ကွင်းကို ထွက်လာလတဲ့ BTS အဖွဲ့ဝင် V ဟာ Jennie ရဲ့ Chanel နားကပ်ကို …

BTS အဖွဲ့ဝင် V ဟာ အမေရိကကို ထွက်ခွာဖို့ အင်ချွန်းလေဆိပ်ရောက်လာရာမှာ Jennie မော်ဒယ်လုပ် ကြော်ငြာပေးထားတဲ့ Chanel ထုတ် နားကပ်ကို ဝတ်ဆင်ထားတာ မြင်တွေ့ခဲ့ရပါတယ်။

V နဲ့ Jennie တို့ရဲ့ ဒိတ်သတင်းထွက်ပြီးနောက်မှာ အားလုံးက BTS အဖွဲ့ဝင်ကို မျက်စီဒေါက်ထောက် ကြည့်ခဲ့ကြပြီး မေ ၂၉ ရက်က အင်ချွန်းလေဆိပ်မှာ V ထွက်ပေါ်လာပြီးနောက်မှာ သူဟာ Jennie မော်ဒယ်လုပ် ကြော်ငြာပေးထားတဲ့ Chanel ထုတ် နားကပ် ဝတ်ဆင်ထားလို့ ပြောစရာ ပိုဖြစ်ခဲ့ပါတယ်။

Netizens တွေကတော့ V အနေနဲ့ အဲဒီလို နားကပ်မျိုးကို ဝတ်ဆင်လေ့မရှိဘူးလို့ မှတ်ချက်ပေးခဲ့ကြပြီး အခုမှ ဝတ်တာဟာ ဘာကြောင့်လဲဆိုတာကို အရမ်းသိချင်နေကြပါတယ်။ အွန်လိုင်းက Netizens တွေ မှတ်ချက်တွေကတော့ …

“မျက်လုံးတွေ အားလုံးက သူ့ကိုကြည့်နေမယ်ဆိုတာကို သူ သိမှာပါ။ ဘာကြောင့်လဲဆိုတော့ dating scandal ထွက်ပြီး ပထမဆုံး လူမြင်ကွင်းကို ထွက်လာတာလေ။ ဒီလိုအနေအထားမှာ Jennie မော်ဒယ် လုပ်ထားတဲ့ နားကပ်ကိုမှ ဘာလို့ ဝတ်တာလဲ။ သူ တစ်ခါမှ ဒါမျိုး မဝတ်ဖူးပါဘူး”

“လေဆိပ်မှာ V ဒါမျိုး ဝတ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ Chanel နားကပ် ဝတ်တာ ဒိတ်သတင်းတွေနဲ့ တိုက်ရိုက်များ ပတ်သက်နေလား။ ဒိတ်သတင်းက သူ ဝန်မခံသလို ငြင်းလည်း မငြင်းဘူးလေ။ ဘာကြီးမှန်းလဲ မသိဘူး”

“လူတွေ V နဲ့ Jennie အကြောင်းကို ပြောနေတာတွေက ကြောက်စရာကြီးတွေပါ။ မသိရင် သူတို့ တစ်ခါမှ မလုပ်ဖူးသလို ဘာလိုနဲ့။ သူ့အနေနဲ့ ဒါကို ဝတ်ဖို့ ဖိအားပေးခံရတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ သေချာတော့ကတော့ couple item တော့ မဟုတ်ဘူးလေ”

Source: AKP

 

-Zawgyi

■ Jennie ရဲ႕ Chanel နားကပ္ကို BTS အဖဲြ႕၀င္ V ၀တ္ဆင္ထား

– – – Jennie နဲ႔ ဒိတ္သတင္းေတြ ထြက္ၿပီးေနာက္ ပထမဆုံး လူျမင္ကြင္းကုိ ထြက္လာလတဲ့ BTS အဖဲြ႕၀င္ V ဟာ Jennie ရဲ႕ Chanel နားကပ္ကို …

BTS အဖဲြ႕၀င္ V ဟာ အေမရိကကို ထြက္ခြာဖုိ႔ အင္ခၽြန္းေလဆိပ္ေရာက္လာရာမွာ Jennie ေမာ္ဒယ္လုပ္ ေၾကာ္ျငာေပးထားတဲ့ Chanel ထုတ္ နားကပ္ကုိ ၀တ္ဆင္ထားတာ ျမင္ေတြ႕ခဲ့ရပါတယ္။

V နဲ႔ Jennie တုိ႔ရဲ႕ ဒိတ္သတင္းထြက္ၿပီးေနာက္မွာ အားလုံးက BTS အဖဲြ႕၀င္ကုိ မ်က္စီေဒါက္ေထာက္ ၾကည့္ခဲ့ၾကၿပီး ေမ ၂၉ ရက္က အင္ခၽြန္းေလဆိပ္မွာ V ထြက္ေပၚလာၿပီးေနာက္မွာ သူဟာ Jennie ေမာ္ဒယ္လုပ္ ေၾကာ္ျငာေပးထားတဲ့ Chanel ထုတ္ နားကပ္ ၀တ္ဆင္ထားလုိ႔ ေျပာစရာ ပုိျဖစ္ခဲ့ပါတယ္။

Netizens ေတြကေတာ့ V အေနနဲ႔ အဲဒီလုိ နားကပ္မ်ဳိးကုိ ၀တ္ဆင္ေလ့မရွိဘူးလုိ႔ မွတ္ခ်က္ေပးခဲ့ၾကၿပီး အခုမွ ၀တ္တာဟာ ဘာေၾကာင့္လဲဆုိတာကုိ အရမ္းသိခ်င္ေနၾကပါတယ္။ အြန္လုိင္းက Netizens ေတြ မွတ္ခ်က္ေတြကေတာ့ …

“မ်က္လုံးေတြ အားလုံးက သူ႕ကုိၾကည့္ေနမယ္ဆုိတာကုိ သူ သိမွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ dating scandal ထြက္ၿပီး ပထမဆုံး လူျမင္ကြင္းကုိ ထြက္လာတာေလ။ ဒီလုိအေနအထားမွာ Jennie ေမာ္ဒယ္ လုပ္ထားတဲ့ နားကပ္ကုိမွ ဘာလုိ႔ ၀တ္တာလဲ။ သူ တစ္ခါမွ ဒါမ်ဳိး မ၀တ္ဖူးပါဘူး”

“ေလဆိပ္မွာ V ဒါမ်ဳိး ၀တ္တာ တစ္ခါမွ မေတြ႕ဖူးဘူး။ Chanel နားကပ္ ၀တ္တာ ဒိတ္သတင္းေတြနဲ႔ တုိက္႐ုိက္မ်ား ပတ္သက္ေနလား။ ဒိတ္သတင္းက သူ ၀န္မခံသလုိ ျငင္းလည္း မျငင္းဘူးေလ။ ဘာႀကီးမွန္းလဲ မသိဘူး”

“လူေတြ V နဲ႔ Jennie အေၾကာင္းကုိ ေျပာေနတာေတြက ေၾကာက္စရာႀကီးေတြပါ။ မသိရင္ သူတုိ႔ တစ္ခါမွ မလုပ္ဖူးသလုိ ဘာလုိနဲ႔။ သူ႔အေနနဲ႔ ဒါကုိ ၀တ္ဖုိ႔ ဖိအားေပးခံရတယ္လုိ႔ ထင္ပါတယ္။ ဒါေပမဲ့ ေသခ်ာေတာ့ကေတာ့ couple item ေတာ့ မဟုတ္ဘူးေလ”

Source: AKP

You cannot copy content of this page