K pop

■ ချီးကျူးခံနေရတဲ့ တက္ကသိုလ်ပွဲတော်က Red Velvet ရဲ့ အလန်းစားဖျော်ဖြေမှု

– – – အစွမ်းကုန်ကြိုးစားမှုရဲ့ ရလဒ်ဖြစ်ပြီး အရမ်းလန်းတဲ့ သူတို့ရဲ့ဖျော်ဖြေမှု ဗီဒီယိုကိုလည်း တစ်ပါတည်း ကြည့်ရှုနိုင်မှာပါ။

တောင်ကိုရီးယားမှာ နွေရာသီဆိုရင် တက္ကသိုလ်၊ ကောလိပ်ပွဲတော်တွေကို ကျင်းပလေ့ရှိပြီး Red Velvet အဖွဲ့ဟာ ဂုဏ်သိက္ခာကြီးမားတဲ့ Korea University’s festival တစ်ခုဖြစ်တဲ့ IPSELENTI 2022 မှာ ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရပြီး ပရိသတ် တစ်သောင်းကျော်ရှေ့မှာ ဖျော်ဖြေခွင့်ရခဲ့ပါတယ်။

အဲဒီပွဲမှာ Jay Park၊ PSY တို့လို နာမည်ကျော်တွေလည်း ပါဝင်ခဲ့ပြီး Red Velvet အဖွဲ့ရဲ့ ဖျော်ဖြေမှုကို ပွဲကို လာရောက်ကြည့်ရှုသူတွေကို ဆွဲဆောင်နိုင်ခဲ့ရုံသာမက ပရိသတ်တွေနဲ့ အပြန်အလှန်ပြောဆိုမှုတွေ၊ တက္ကသိုလ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ သိရှိအောင် ကြိုးစားထားမှုတွေကြောင့် ချီးကျူးခံခဲ့ရတာပါ။

တက္ကသိုလ်ပွဲတော် ဖျော်ဖြေမှုမှာ Red Velvet အဖွဲ့ဝင် Joy က တက်ရောက်လာတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သူတို့ရဲ့ နာမည်ကျော် သီချင်း “Feel My Rhythm” ကကွက်ကိုတောင် သင်ပေးခဲ့သေးတယ်လို့ သိရှိရပါတယ်။

တက္ကသိုလ်ပွဲတော်က Red Velvet အဖွဲ့ရဲ့ ပွဲလာကြည့်သူတွေ ချီးကျူးရလောက်တဲ့အထိ ဖျော်ဖြေထားတဲ့ ဗီဒီယိုတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


Source: Nate Pann

 

-Zawgyi







Source: Nate Pann

You cannot copy content of this page