K pop

■ Seungri ရဲ့ Instagram account အကောင့် ဘာလို့ ပိတ်သိမ်းခံရတာလဲ ?

– – – Supreme Court မှာ အယူခံပယ်ချခံရပြီးနောက် ရက်အပိုင်းအကြာမှာပဲ Seungri ရဲ့ Instagram account ပိတ်သိမ်းခံလိုက်ရပြီး ဘာကြောင့် ပိတ်သိမ်းခံရသလဲဆိုတာကို …

BIGBANG အဖွဲ့ဝင် Seungri (အမည်ရင်း Lee Seung Hyun) ရဲ့ Instagram account က ဒီနေ့ (မေ ၃၀ ရက်) မှာ ပိတ်သိမ်းလိုက်ခံရပြီးလို့ သိရပါတယ်။ Instagram မှာလည်း ရှာလို့ မရတော့ပါဘူး။

Seungri ဟာ ၂၀၂၀ မှာ အမှု ၉ ခုအတွက် ကနဦးဟာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရခဲ့ပြီး နောက်ပိုင်းမှာတော့ အယူခံဝင်ခဲ့တာကြောင့် High Military Court က သူ့ရဲ့ ပြစ်ဒဏ်ကို ၁ နှစ် ၆ လသို့ လျှော့ချပေးခဲ့ပါတယ်။

ဒါပေမဲ့ Seungri ဟာ သူ့ရဲ့ ပြစ်ဒဏ်ကို တောင်ကိုရီးယားရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ Supreme Court မှာ ထပ်မံ အယူခံဝင်ခဲ့ပေမဲ့ မေ ၂၆ ရက်မှာတော့ ပယ်ချခံရပြီး သက်သေမပြနိုင်ပေမဲ့ အဲဒီစွဲချက် ၉ ခုလုံးအတွက် အပြစ်ရှိတယ်ဆိုပြီး ဆိုခဲ့တာပါ။

Supreme Court မှာ အယူခံပယ်ချခံရပြီး သိပ်မကြာခင်မှာ သူ့ရဲ့ Hater တွေက သူ့ရဲ့ Instagram အကောင့်ကို Report ထုခဲ့ကြတာပါ။ Instagram က S-x ပိုင်းနဲ့ ပတ်သက်လို့ ပြစ်မှုကျူးလွန်သူတွေကို အကောင့်သုံးခွင့် မပေးတဲ့ ပေါ်လစီရှိပြီး အဲဒီ ပေါ်လစီကြောင့် Seungri ရဲ့ Instagram account ကို ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Seungri ဟာ ပြစ်ဒဏ်စတင်ချမှတ်ခံရစဉ်က စစ်ဖက်ထောင်မှာ ကျခံရခဲ့ပေမဲ့ အခုအချိန်မှာတော့ သူ့ကို ပြည်သူ့အကျဉ်းထောင် ရွှေ့ပြောင်းထားပြီး ၂၀၂၃ ဖေဖော်ဝါရီမှာ ပြစ်ဒဏ်စေ့ပြီး ပြန်လွှတ်လာမှာပါ။

Source: AKP

 

-Zawgyi

■ Seungri ရဲ႕ Instagram account အေကာင့္ ဘာလုိ႔ ပိတ္သိမ္းခံရတာလဲ

– – – Supreme Court မွာ အယူခံပယ္ခ်ခံရၿပီးေနာက္ ရက္အပုိင္းအၾကာမွာပဲ Seungri ရဲ႕ Instagram account ပိတ္သိမ္းခံလုိက္ရၿပီး ဘာေၾကာင့္ ပိတ္သိမ္းခံရသလဲဆုိတာကုိ …

BIGBANG အဖဲြ႕၀င္ Seungri (အမည္ရင္း Lee Seung Hyun) ရဲ႕ Instagram account က ဒီေန႔ (ေမ ၃၀ ရက္) မွာ ပိတ္သိမ္းလုိက္ခံရၿပီးလုိ႔ သိရပါတယ္။ Instagram မွာလည္း ရွာလုိ႔ မရေတာ့ပါဘူး။

Seungri ဟာ ၂၀၂၀ မွာ အမႈ ၉ ခုအတြက္ ကနဦးဟာ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခံရခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ အယူခံ၀င္ခဲ့တာေၾကာင့္ High Military Court က သူ႕ရဲ႕ ျပစ္ဒဏ္ကုိ ၁ ႏွစ္ ၆ လသုိ႔ ေလွ်ာ့ခ်ေပးခဲ့ပါတယ္။

ဒါေပမဲ့ Seungri ဟာ သူ႕ရဲ႕ ျပစ္ဒဏ္ကုိ ေတာင္ကုိရီးယားရဲ႕ အျမင့္ဆုံးတရား႐ုံးျဖစ္တဲ့ Supreme Court မွာ ထပ္မံ အယူခံ၀င္ခဲ့ေပမဲ့ ေမ ၂၆ ရက္မွာေတာ့ ပယ္ခ်ခံရၿပီး သက္ေသမျပႏုိင္ေပမဲ့ အဲဒီစဲြခ်က္ ၉ ခုလုံးအတြက္ အျပစ္ရွိတယ္ဆုိၿပီး ဆုိခဲ့တာပါ။

Supreme Court မွာ အယူခံပယ္ခ်ခံရၿပီး သိပ္မၾကာခင္မွာ သူ႕ရဲ႕ Hater ေတြက သူ႕ရဲ႕ Instagram အေကာင့္ကုိ Report ထုခဲ့ၾကတာပါ။ Instagram က S-x ပုိင္းနဲ႔ ပတ္သက္လုိ႔ ျပစ္မႈက်ဴးလြန္သူေတြကုိ အေကာင့္သုံးခြင့္ မေပးတဲ့ ေပၚလစီရွိၿပီး အဲဒီ ေပၚလစီေၾကာင့္ Seungri ရဲ႕ Instagram account ကုိ ပိတ္သိမ္းလုိက္တာ ျဖစ္ပါတယ္။

Seungri ဟာ ျပစ္ဒဏ္စတင္ခ်မွတ္ခံရစဥ္က စစ္ဖက္ေထာင္မွာ က်ခံရခဲ့ေပမဲ့ အခုအခ်ိန္မွာေတာ့ သူ႕ကုိ ျပည္သူ႕အက်ဥ္းေထာင္ ေရႊ႕ေျပာင္းထားၿပီး ၂၀၂၃ ေဖေဖာ္၀ါရီမွာ ျပစ္ဒဏ္ေစ့ၿပီး ျပန္လြႊတ္လာမွာပါ။

Source: AKP

You cannot copy content of this page