K pop

■ EXO Kai နဲ့ ဂုဏ်ပုဒ်တူဖြစ်လာတဲ့ IU

– – – ပရိသတ်အချစ်တော် အဆိုတော်၊ မင်းသမီး IU ဟာ EXO အဖွဲ့ဝင် Kai နဲ့အတူ ဂုဏ်ယူစရာ ဒီဂုဏ်ပုဒ်ကို ပိုင်ဆိုင်တဲ့ ဒုတိယမြောက် Idol ဖြစ်လာခဲ့ပါတယ်။

ကိုရီးယားတွေရဲ့ အချစ်ခံ အဆိုတော်၊ မင်းသမီး IU ဟာ Gucci ရဲ့ Global Ambassador အဖြစ် တရားဝင် ခန့်အပ်ခံရပြီးနောက် K-Pop Idol တွေထဲမှာ Kai ပြီးဆိုရင် အဲဒီလို ခန့်အပ်ခံရတဲ့ ဒုတိယမြောက်နဲ့ အမျိုးသမီးတွေထဲမှာဆိုရင် ပထမဆုံး Idol ဖြစ်လာခဲ့ပါတယ်။

မေ ၂၉ ရက်မှာ Gucci က သူတို့ရဲ့ official Instagram account မှာ ၇၅ ကြိမ်မြောက် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို တက်ရောက်ခဲ့တဲ့ IU ရဲ့ ဓာတ်ပုံတစ်ပုံနဲ့အတူ သူ့ကို Global Ambassador ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

IU ဟာ ၂၀၂၀ ပြည့်နှစ်မှာ Gucci ရဲ့ ကိုရီးယား Ambassador အဖြစ် ခန့်အပ်ခံရပြီး အခု Global Ambassador ဖြစ်လာခဲ့တာပါ။ Gucci ကိုယ်စားလှယ်က “တခြား ကမ္ဘာကျော် Brand တွေနဲ့ ယှဉ်ပြိုင်ရတာကြောင့် IU ကို ကျွန်တော်တို့ရဲ့ Global Brand Ambassador အဖြစ် ဘယ်တုန်းက ခန့်တယ်ဆိုတာကို မပြောချင်ပါဘူး”လို့ ဆိုထားပါတယ်။

Gucci ဟာ အရင်တုန်းက Global Brand Ambassador တွေအဖြစ် EXO အဖွဲ့ဝင် Kai, မင်းသား Lee Jung Jae, မင်းသမီး Shin Min Ah တို့ အခု IU က သူတို့ရဲ့ စတုတ္ထမြောက် ကိုရီးယား celebrity Global Brand Ambassador ဖြစ်လာခဲ့တာပါ။

Source: AKP

 

-Zawgyi

■ EXO Kai နဲ႔ ဂုဏ္ပုဒ္တူျဖစ္လာတဲ့ IU

– – – ပရိသတ္အခ်စ္ေတာ္ အဆုိေတာ္၊ မင္းသမီး IU ဟာ EXO အဖဲြ႕၀င္ Kai နဲ႔အတူ ဂုဏ္ယူစရာ ဒီဂုဏ္ပုဒ္ကုိ ပုိင္ဆုိင္တဲ့ ဒုတိယေျမာက္ Idol ျဖစ္လာခဲ့ပါတယ္။

ကုိရီးယားေတြရဲ႕ အခ်စ္ခံ အဆုိေတာ္၊ မင္းသမီး IU ဟာ Gucci ရဲ႕ Global Ambassador အျဖစ္ တရား၀င္ ခန္႔အပ္ခံရၿပီးေနာက္ K-Pop Idol ေတြထဲမွာ Kai ၿပီးဆုိရင္ အဲဒီလုိ ခန္႔အပ္ခံရတဲ့ ဒုတိယေျမာက္နဲ႔ အမ်ဳိးသမီးေတြထဲမွာဆုိရင္ ပထမဆုံး Idol ျဖစ္လာခဲ့ပါတယ္။

ေမ ၂၉ ရက္မွာ Gucci က သူတုိ႔ရဲ႕ official Instagram account မွာ ၇၅ ႀကိမ္ေျမာက္ ကိန္းစ္႐ုပ္ရွင္ပဲြေတာ္ကုိ တက္ေရာက္ခဲ့တဲ့ IU ရဲ႕ ဓာတ္ပုံတစ္ပုံနဲ႔အတူ သူ႕ကုိ Global Ambassador ခန္႔အပ္ေၾကာင္း အတည္ျပဳ ေၾကညာခဲ့တာ ျဖစ္ပါတယ္။

IU ဟာ ၂၀၂၀ ျပည့္ႏွစ္မွာ Gucci ရဲ႕ ကုိရီးယား Ambassador အျဖစ္ ခန္႔အပ္ခံရၿပီး အခု Global Ambassador ျဖစ္လာခဲ့တာပါ။ Gucci ကိုယ္စားလွယ္က “တျခား ကမၻာေက်ာ္ Brand ေတြနဲ႔ ယွဥ္ၿပိဳင္ရတာေၾကာင့္ IU ကုိ ကၽြန္ေတာ္တုိ႔ရဲ႕ Global Brand Ambassador အျဖစ္ ဘယ္တုန္းက ခန္႔တယ္ဆုိတာကုိ မေျပာခ်င္ပါဘူး”လုိ႔ ဆုိထားပါတယ္။

Gucci ဟာ အရင္တုန္းက Global Brand Ambassador ေတြအျဖစ္ EXO အဖဲြ႕၀င္ Kai, မင္းသား Lee Jung Jae, မင္းသမီး Shin Min Ah တုိ႔ အခု IU က သူတုိ႔ရဲ႕ စတုတၳေျမာက္ ကိုရီးယား celebrity Global Brand Ambassador ျဖစ္လာခဲ့တာပါ။

Source: AKP

You cannot copy content of this page