K pop
■ တက္ကသိုလ်ပွဲတော်ဖျော်ဖြေမှုမှာ ဒီလိုလုပ်ခဲ့လို့ aespa အဖွဲ့ ဝေဖန်ခံနေရ
– – – aespa အဖွဲ့အနေနဲ့ ဒါနဲ့ပတ်သက်ပြီး ဝေဖန်ခံရနေတာ အခုမှမဟုတ်ဘဲ အမေရိက Show တွေမှာတောင် …
Korea University’s 2022 spring festival မှာ လာရောက်ဖျော်ဖြေတဲ့ အဆိုတော်တွေ အားလုံး Live ဆိုကြပေမဲ့ aespa အဖွဲ့ကတော့ အဲဒီလိုပွဲမျိုးမှာတောင် lip-synced လုပ်လို့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ကိုရီးယား Netizens တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
aespa အဖွဲ့ဟာ Korea University’s festival မှာ မေလ ၂၆ ရက်က တက်ရောက်ခဲ့ပြီး “Black Mamba”, “Next Level”, “Savage” နဲ့ “Dreams Come True” စတဲ့ သီချင်းတွေကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ဖျော်ဖြေခဲ့တာပါ။
ဒါပေမဲ့ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ပွဲတက်သူတွေဟာ အဲဒီပွဲမှာ aespa အဖွဲ့အနေနဲ့ တခြားအဖွဲ့တွေ၊ အဆိုတော်တွေလို Live သီဆိုခြင်းမရှိဘဲ lip-synced လုပ်တာကို သိရှိခဲ့ကြပြီး လူမှုကွန်ရက်တွေမှာ ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။
“aespa ရဲ့ ဖျော်ဖြေမှုက ရယ်စရာကြီးပါ။ Winter က 100% lip sync လုပ်တယ်။ ဒါပေမဲ့ ပရိသတ်တွေက သူ ad-lib လုပ်တာကို အားပေးနေတဲ့ လူတွေ ရှိတာတော့ အရမ်းရယ်စရာကောင်းပါတယ်။ Winter အသံကောင်းတာပဲ။ အခုလို လုပ်တာတော့ ရယ်စရာကြီးပါ”
“aespa ကို ကြိုက်ပါတယ်။ ဒါပေမဲ့ ဒီလိုပွဲမှာ သူတို့ဘာလို့ live မဆိုတာလဲ နားမလည်နိုင်အောင်ပဲ။ lip-syncing လုပ်တာမျိုးက လက်ခုပ်တီးအားပေးဖို့ မထိုက်တန်ပါဘူး။ တချို့က Coachella မှာ သူတို့ Live ဆိုတာ ညံ့တယ်လို့ ပြောကြတယ်။ အမှန်ပဲ ထင်တယ်။ သူတို့ live ဆိုတာပဲ ကြားချင်တာ”
Source: AKP
-Zawgyi
Source: AKP
You cannot copy content of this page