K pop

■ IU လူသိရှင်ကြားတောင်းပန်ခဲ့တဲ့ SEVENTEEN အဖွဲ့ဝင်

– – – Broadcast မှာ IU က SEVENTEEN အဖွဲ့ဝင်ကို မျက်နှာချင်းဆိုင်တွေ့ဆုံကာ လူသိရှင်ကြား တောင်းပန်ခဲ့တာပါ။

SEVENTEEN အဖွဲ့ဝင်တွေဖြစ်တဲ့ DK, Seungkwan, Woozi, Hoshi နဲ့ Dino တို့ဟာ IU ရဲ့ variety talk show program တစ်ခုဖြစ်တဲ့ “IU’s Palette” ပါဝင်ခဲ့ကြပါတယ်။ အဲဒီ variety talk show program ကို IU ရဲ့ official Youtube channel က ထုတ်လွှင့်တာပါ။

အဲဒီအစီအစဉ်မှာ SEVENTEEN အဖွဲ့ဝင် DK က သူဟာ ငယ်စဉ်က IU ရဲ့ ပရိသတ်ဖြစ်ခဲ့ပြီး Cyworld တို့လို social networking sites တွေမှာ IU ကို Follow လုပ်ထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် သူက IU နဲ့ Cyworld မှာ သူငယ်ချင်းဖြစ်ဖို့ Friend Request လုပ်ခဲ့သလို၊ မိတ်ဆက်စာလည်း ပို့ခဲ့တယ်လို့ ဆိုပါတယ်။

DK ရဲ့ ပြောစကားကို ကြားပြီးနောက်မှာတော့ IU ဟာ မအောင့်နိုင်တော့ဘဲ ရယ်နေခဲ့ပါတယ်။ အဲဒီမှာ DK က သူ့အနေနဲ့ အဲဒီတုန်းက IU နဲ့ သူငယ်ချင်းဖြစ်မယ်လို့ ထင်ခဲ့ကြောင်း၊ ဒါပေမဲ့ IU ဆီက ပြန်စာတောင် မရခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အဲဒီအတွက် ဝမ်းနည်းခဲ့ရကြောင်း DK က ဆက်လက်ဝန်ခံခဲ့ရာမှာ IU က ရယ်ပြီး DK ကို အဲဒီဖြစ်ရပ်အတွက် လူသိရှင်ကြားတောင်းပန်ခဲ့တာ ဖြစ်ပါတယ်။ IU က “ကဲ အခု အဲဒီအခွင့်အရေးကို ယူပြီး တောင်းပန်ချင်ပါတယ်”ဆိုပြီး

IU ဟာ DK ကို ၉၀ ဒီဂရီဦးညွှတ်တောင်းပန်ခဲ့ရာ SEVENTEEN အဖွဲ့ဝင်တွေ အားလုံး ပွဲကျခဲ့ကြပါတယ်။

Source: KPZ

 

-Zawgyi







Source: KPZ

You cannot copy content of this page