– – – ဒါဟာ ပထမဆုံး mini album “Savage” ထုတ်ဝေပြီးနောက် ၉ လလောက်အကြာမှာ ပထမဆုံးအကြိမ် အဖြစ် …
aespa အဖွဲ့ဟာ သူတို့ရဲ့ ဒုတိယမြောက် mini-album ‘Girls’ နဲ့ Comeback ပြုလုပ်သွားမယ်လို့ ဇွန်လ (၁) ရက်မှာ ကြေညာခဲ့ပါတယ်။ aespa အဖွဲ့အနေနဲ့ အဲဒီ mini-album ကို ဇူလိုင်လ ၈ ရက်မှာ ထုတ်ဝေမှာ ဖြစ်ပါတယ်။
aespa အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလက ၁၉၉၈ ခုနှစ်က ကျော်ကြားခဲ့တဲ့ S.E.S. အဖွဲ့ “Dreams Come True” သီချင်း ထုတ်ဝေခဲ့ပြီး အဲဒီသီချင်းကို Queen of K-Pop လို့ တင်စားကြတဲ့ BoA က ထုတ်လုပ်ပေးခဲ့တာပါ။
“Girls” က aespa အဖွဲ့အတွက် ၂၀၂၁ အောက်တိုဘာမှာ သူတို့ရဲ့ mini album ဖြစ်တဲ့ “Savage” ကို ထုတ်ဝေပြီးနောက် ၉ လနီးပါးအကြာမှာ ထုတ်ဝေမယ့် mini album ဖြစ်သလို၊ ပထမဆုံး official comeback လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၈ ရက်မှာ ထုတ်ဝေမယ့် aespa အဖွဲ့ရဲ့ mini-album ‘Girls’ အတွက် teaser ဗီဒီယိုကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
Source: SM
-Zawgyi
■ Comeback လုပ်မယ့် Album အမည်နဲ့ ရက်စွဲကို aespa ကြေညာ
Source: SM