K pop

■ ဒီညအထူးပွဲပြသမယ့် Broker ရုပ်ရှင်ကြည့်ဖို့ အမေရိက စောပြန်လာတဲ့ V အဲဒီပွဲမှာ BLACKPINK အဖွဲ့ဝင် (၂) ဦးနဲ့ တွေ့မယ်

– – – Broker ရုပ်ရှင်အထူးပြပွဲကို အားပေးဖို့ အမေရိက စောပြန်လာတဲ့ BTS အဖွဲ့ဝင် V ဟာ အဲဒီပွဲမှာ BLACKPINK အဖွဲ့(၂) ဦးနဲ့ ဆုံတွေ့ရဖို့ …

BTS အဖွဲ့ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ခေါ်မှုနဲ့အတူ အာရှမျိုးနွယ်စုတွေ ခွဲခြားဆက်ဆံခံရတာတွေနဲ့ ပတ်သက်ပြီး တိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်လို့ ဆွေးနွေးပွဲအတွက် အိမ်ဖြူတော်ကို တက်ရောက်ခဲ့တာပါ။

အိမ်ဖြူတော်က ဆွေးနွေးပွဲကို BTS အဖွဲ့ဝင် ၇ ယောက်လုံး တက်ရောက်ခဲ့ပြီး V ကတော့ တခြားအဖွဲ့ဝင်တွေထက် စောကာ ကိုရီးယားသို့ ပြန်လာခဲ့ပါတယ်။ အကြောင်းကတော့ မင်းသား Kang Dong Won ရဲ့ ရုပ်ရှင်သစ် Broker အထူးပြသပွဲကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

အဲဒီပွဲကို BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rosé နဲ့ Jisoo တို့လည်း တက်ရောက်မှာ ဖြစ်ပြီး သိပ်မကြာခင်က BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jennie နဲ့ ဒိတ်ကောလာဟလတွေ ထွက်ခဲ့တဲ့ V ဟာ အဲဒီပွဲမှာ BLACKPINK အဖွဲ့ဝင်တွေဖြစ်တဲ့ Rosé နဲ့ Jisoo တို့နဲ့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။

ဒါကို ကိုရီးယား Netizen တွေက အထူးစိတ်ဝင်စားနေကြပြီး သူတို့အကြား ဆုံတွေ့မှု ဘယ်လိုဖြစ်လာမလဲ ဆိုတာကို အရမ်းသိချင်နေတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ကြတာပါ။

Source: KOC

 

-Zawgyi







Source: KOC

You cannot copy content of this page