K pop

■ Idol အဖြစ် ပွဲထွက်တဲ့ အကြွေးတွေဆပ်နေရဆဲ SeeYa အဖွဲ့ဝင်

– – – ပွဲထွက်ခဲ့တာ ၁၆ နှစ်ကြာခဲ့ပြီဖြစ်ပေမဲ့ Idol အဖြစ် ပွဲထွက်တဲ့ အကြွေးတွေ ဆပ်လို့မကုန်နိုင်ဖြစ်နေသေးပြီ …

SeeYa အဖွဲ့ဝင်ဟောင်း Lee Bo Ram က သူ့အနေနဲ့ ‘Hangout with Yoo’ အစီအစဉ်နဲ့ project group WSG Wannabe နဲ့ ပွဲထွက်ပြီး အကြွေးကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းဖို့အတွက် အောင်မြင်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

MBC ရဲ့ ‘Hangout with Yoo’ အစီအစဉ်က WSG Wannabe လို့ အမည်ပေးထားတဲ့ project group တစ်ခုကို ပွဲထုတ်မှာဖြစ်ပြီး အဲဒီအဖွဲ့မှာ Soyeon, Yoon Eun Hye, Navi, ex-Seeya member Lee Bo Ram, Sunny Hill’s Kota, Park Jin Joo, Urban Zakapa’s Jo HyunAh, SOLE, Uhm Ji Yoon, Kwon Jin Ah, HYNN နဲ့ Jung Ji So တို့ ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းမှာ Lee Bo Ram က “WSG Wannabe အဖွဲ့နဲ့အတူ ကျော်ကြားတဲ့ ဘဝကို ကျွန်မ ပိုင်ဆိုင်ချင်ပါတယ်။ ဒါက ကျွန်မအတွက် နောက်ဆုံးအခွင့်အရေးဖြစ်တာကြောင့် ကျွန်မ အစွမ်းကုန်ကြိုးစားသွားမှာပါ။

ကျွန်မအနေနဲ့ Lee Bo Ram ဆိုတဲ့ နာမည်ကို လူတွေ သိစေချင်ပါတယ်။ ပြီးတော့ အကြွေးကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းချင်ပါတယ်။ ကျွန်မအနေနဲ့ SeeYa အဖွဲ့နဲ့ ပွဲထွက်တုန်းက အကြွေးတွေအများကြီး ရှိခဲ့ပြီး အခုထက်ထိ ဆပ်လို့ မကုန်သေးပါဘူး။ ပြီးတော့ အဖေ့ကိုလည်း ကားသစ်လေး ဝယ်ပေးချင်တယ်”လို့ ဆိုပါတယ်။

Lee Bo Ram ရဲ့ စကားကို ကြားပြီးနောက်မှာ အဲဒီအစီအစဉ်မှာ ပါဝင်ခဲ့သူတော်တော်များများ မျက်ရည်ကျခဲ့ကြပါတယ်။ SeeYa အဖွဲ့ဟာ ၂၀၀၆ မှာ ပွဲထွက်ခဲ့ပြီး နာမည်သိပ်မကျော်ခဲ့တာကြောင့် ၂၀၁၁ မှာ အဖွဲ့ဖျက်သိမ်းခဲ့ရပါတယ်။

Source: KBZ

You cannot copy content of this page