– – – iKON အဖွဲ့ဝင်က သူကြုံတွေ့ခဲ့ရတာတွေကို ရိုးသားစွာ ဖွင့်ဟဝန်ခံထားပြီး Idol တွေရဲ့ ဘဝနဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို …
Channel A ရဲ့ ‘Oh Eun Young’s Golden Clinic’ အစီအစဉ်မှာ iKON အဖွဲ့ဝင်တွေဖြစ်တဲ့ Bobby, Donghyuk နဲ့ Junhoe တို့ဟာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီး သူတို့ရဲ့ အခက်အခဲတွေအတွက် ဆရာဝန် Oh Eun Young ဆီက အကြံဉာဏ်တွေ ရယူခဲ့ကြတာပါ။
အဲဒီအစီအစဉ်မှာ Donghyuk က Bobby မင်္ဂလာဆောင်ခဲ့တာနဲ့ ပတ်သက်လို့ “Bobby က အဖွဲ့ဝင် တစ်ယောက်ချင်းစီကို သူ့ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်လို့ မျက်ရည်တွေနဲ့ ပြောပြခဲ့တာပါ။ သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ အဲဒီအချိန်မှာ သူက ဘဝသစ်အတွက် စိတ်လှုပ်ရှားနေသလို စိုးရိမ်မှုတွေလည်း ရှိနေတာပါ”လို့ ဆိုပါတယ်။
သူ့ရဲ့ မင်္ဂလာကိစ္စ၊ ဖခင်ဖြစ်လာတဲ့ အကြောင်းတွေကို Bobby က “ကျွန်တော် မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်တော့ အဖွဲ့ဝင်တွေအတွက် အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ မင်္ဂလာဆောင်တယ်ဆိုတာ မင်္ဂလာဖြစ်ပေမဲ့ ကျွန်တော်တို့က idol group ဖြစ်နေတာကို။
ဒါကြောင့် ကျွန်တော် အဖွဲ့ဝင်တစ်ဦးချင်းစီကို ပြောပြခဲ့ပြီး ဒီလိုတော့ ဖြစ်လာပြီ တောင်းပန်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို နားလည်ပေးကြပြီး ကောင်းချီပေးခဲ့ကြလို့ ကျွန်တော် အရမ်းကျေးဇူးတင်ရပါတယ်။
မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်တာကို ပထမဆုံးအနေနဲ့ မိဘတွေနဲ့ အေဂျင်စီကို ကျွန်တော် စပြောပါတယ်။ ကျွန်တော့်ဘ၀ ဒီလိုဖြစ်လာတာကိုလည်း ရယ်စရာလို့ မြင်မိပါတယ်။ ဒါက နည်းနည်းတော့ ကြမ်းပါတယ်။ ကျွန်တော် အခုလိုဗြုန်းစားကြီး ကလေးအဖေဖြစ်မယ်လို့ မထင်ခဲ့ဘူး။
အဲဒီတုန်းက လုပ်စရာတွေ များတော့ ကျွန်တော့်အနေနဲ့ ဘယ်လိုခံစားရသလဲတောင် မမှတ်မိတော့ပါဘူး။ Idol တစ်ဦးအနေနဲ့ စံပြဖြစ်အောင် နေထိုင်သင့်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ မင်္ဂလာဆောင်ဖြစ်မယ်လို့ မထင်ခဲ့ပါဘူး။ အခုလိုဖြစ်သွားတဲ့အတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
Source: KBZ