– – – T-ara အဖွဲ့ဝင် Jiyeon ကတော့ သူနဲ့ သက်တူရွယ်တူ အချစ်ဆုံးသူငယ်ချင်းအတွက် …
Jiyeon ဟာ သူ့ရဲ့ Instagram story မှာ ‘Broker’ ရုပ်ရှင်အထူးပြပွဲက IU ကို ရိုက်ကူထားတဲ့ short video လေးကို တင်ပြီး “အရမ်း မိုက်တယ်။ အရမ်းလည်း လှတယ်။ Broker အောင်မြင်ဖို့ ဆုတောင်းပါတယ်”လို့ ရေးသားခဲ့တာပါ။
တကယ်တော့ Jiyeon ဟာ ‘Broker’ ရုပ်ရှင်ရဲ့ အထူးပြပွဲကို တက်ရောက်ခဲ့ပြီး ပရိသတ်နေရာကနေ အဲဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့တဲ့ IU ကို ဗီဒီယိုရိုက်ကာ သူငယ်ချင်းဖြစ်သူရဲ့ ရုပ်ရှင်အောင်မြင်ဖို့အတွက် ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။
IU နဲ့ Jiyeon တို့ဟာ ၂၀၁၀ ပြည့်နှစ်က ထုတ်လွှင့်ခဲ့တဲ့ နာမည်ကျော် entertainment program တစ်ခုဖြစ်တဲ့ ‘Heros’ မှာ အတူ ပါဝင်ပြီးနောက် သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး အခုအချိန်ထိ အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် ဆက်ရှိနေပါတယ်။
သူတို့ဟာ တစ်ဦးကို တစ်ဦး အားပေးမှုတွေ ပြုလုပ်လေ့ရှိပြီး အားတဲ့အခါတွေမှာ တစ်ဦးအိမ်ကို တစ်ဦး လာရောက်လည်ပတ်လေ့ရှိကာ ကူညီနိုင်တာတွေကို အားပေးကူညီကြပြီး ပရိသတ်တွေ အားကျရတဲ့ ချစ်စဖွယ်ဆက်ဆံရေးကို ပိုင်ဆိုင်ထားတာပါ။
Source: KBZ