– – – အပြင်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မင်းသား Lee Seung Gi ကိုယ်တိုင် ရှင်းလင်းခဲ့တာ …
အဆိုတော်၊ မင်းသား Lee Seung Gi နဲ့ သူ့ရဲ့ချစ်သူ မင်းသမီး Lee Da In တို့ သမီးရည်းစားဘ၀ အဆုံးသတ်သွားပြီလို့ မေလနှောင်းပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
အခုအချိန်မှာတော့ မင်းသား Lee Seung Gi ဟာ အဲဒီသတင်းတွေနဲ့ ပတ်သက်လို့ ငြင်းဆန်ခဲ့ပြီး ပရိသတ်တွေအတွက် ထုတ်ပြန်ချက်တစ်စောင်ကိုပါ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Lee Seung Gi က ထုတ်ပြန်ချက်မှာ “ကျွန်တော်တို့ ဆက်သွယ်မှုအားနည်းတာကြောင့် နာကျင်ခဲ့ရတာတွေ ရှိတယ်လို့ ထင်ပါတယ်။ ဒါကြောင့် များစွာစဉ်းစားပြီးနောက်မှာ ကျွန်တော့်အနေနဲ့ ဒီထုတ်ပြန်ချက်ကို ဖွင့်ချဖို့ ဆုံးဖြတ်လိုက်တာပါ။
ကျွန်တော့်အနေနဲ့ ဖြစ်ပေါ်တဲ့ သတင်းတိုင်းကို တုံ့ပြန်လေ့ မရှိတာ ခံစားချက်တွေ ပါနေမှာ စိုးလို့ပါ။ အခု ဒါမျိုးထုတ်ပြန်တယ်ဆိုတာကိုလည်း နားလည်မှုတွေ လွဲမှားပြီး ဒဏ်ရာတွေ ရသွားမှာစိုးလို့ပါ။ ပြီးတော့ ကျွန်တော် ပြောလိုက်ရင် မီဒီယာတွေက နားလည်မှုပြီး အကြီးကြီးဖြစ်သွားမှာကိုလည်း မလိုလားပါဘူး။
ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် နှုတ်ဆိတ်နေခဲ့တာကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပေါ်ပေါက်ခဲ့တဲ့ ဒိတ်သတင်းနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ရပ်တည်ချက် မပြောင်းလဲသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော် ထပ်ပြောမှာ မဟုတ်ပါဘူး။
တကယ်လို့ ဒီကိစ္စနဲ့ပတ်သက်လို့ နာကျင်ရသူတွေ၊ စိတ်မကောင်းဖြစ်ရသူတွေ ရှိရင်တော့ အားလုံးကို ကျွန်တော် နှစ်သိမ့်ချင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော့်ကိုပဲ အပြစ်တင်ကြပါ။ အားလုံးကို နားလည်ပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”လို့ ရေးသားထားပါတယ်။
Source: Lee Seung Gi
-Zawgyi
■ ရည္းစားျဖစ္သူ Lee Da In နဲ႔ လမ္းခဲြလုိက္ၿပီဆုိတဲ့ သတင္းေတြကုိ Lee Seung Gi တုံ႔ျပန္
– – – အျပင္မွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြနဲ႔ ပတ္သက္လုိ႔ မင္းသား Lee Seung Gi ကုိယ္တုိင္ ရွင္းလင္းခဲ့တာ …
အဆုိေတာ္၊ မင္းသား Lee Seung Gi နဲ႔ သူ႔ရဲ႕ခ်စ္သူ မင္းသမီး Lee Da In တုိ႔ သမီးရည္းစားဘ၀ အဆုံးသတ္သြားၿပီလုိ႔ ေမလေႏွာင္းပုိင္းမွာ သတင္းေတြ ထြက္ေပၚခဲ့တာပါ။
အခုအခ်ိန္မွာေတာ့ မင္းသား Lee Seung Gi ဟာ အဲဒီသတင္းေတြနဲ႔ ပတ္သက္လုိ႔ ျငင္းဆန္ခဲ့ၿပီး ပရိသတ္ေတြအတြက္ ထုတ္ျပန္ခ်က္တစ္ေစာင္ကိုပါ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
Lee Seung Gi က ထုတ္ျပန္ခ်က္မွာ “ကၽြန္ေတာ္တုိ႔ ဆက္သြယ္မႈအားနည္းတာေၾကာင့္ နာက်င္ခဲ့ရတာေတြ ရွိတယ္လုိ႔ ထင္ပါတယ္။ ဒါေၾကာင့္ မ်ားစြာစဥ္းစားၿပီးေနာက္မွာ ကၽြန္ေတာ့္အေနနဲ႔ ဒီထုတ္ျပန္ခ်က္ကုိ ဖြင့္ခ်ဖုိ႔ ဆုံးျဖတ္လုိက္တာပါ။
ကၽြန္ေတာ့္အေနနဲ႔ ျဖစ္ေပၚတဲ့ သတင္းတုိင္းကုိ တုံ႔ျပန္ေလ့ မရွိတာ ခံစားခ်က္ေတြ ပါေနမွာ စုိးလုိ႔ပါ။ အခု ဒါမ်ဳိးထုတ္ျပန္တယ္ဆုိတာကုိလည္း နားလည္မႈေတြ လဲြမွားၿပီး ဒဏ္ရာေတြ ရသြားမွာစုိးလုိ႔ပါ။ ၿပီးေတာ့ ကၽြန္ေတာ္ ေျပာလုိက္ရင္ မီဒီယာေတြက နားလည္မႈၿပီး အႀကီးႀကီးျဖစ္သြားမွာကုိလည္း မလုိလားပါဘူး။
ဒါေၾကာင့္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ႏႈတ္ဆိတ္ေနခဲ့တာကုိ နားလည္ေပးႏိုင္မယ္လုိ႔ ယုံၾကည္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ေပၚေပါက္ခဲ့တဲ့ ဒိတ္သတင္းနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ့္ရဲ႕ ရပ္တည္ခ်က္ မေျပာင္းလဲေသးပါဘူး။ ဒီကိစၥနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ ထပ္ေျပာမွာ မဟုတ္ပါဘူး။
တကယ္လုိ႔ ဒီကိစၥနဲ႔ပတ္သက္လုိ႔ နာက်င္ရသူေတြ၊ စိတ္မေကာင္းျဖစ္ရသူေတြ ရွိရင္ေတာ့ အားလုံးကုိ ကၽြန္ေတာ္ ႏွစ္သိမ့္ခ်င္ပါတယ္။ ဒါနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ့္ကုိပဲ အျပစ္တင္ၾကပါ။ အားလုံးကုိ နားလည္ေပးဖုိ႔ ကၽြန္ေတာ္ ေတာင္းဆုိပါတယ္”လုိ႔ ေရးသားထားပါတယ္။
Source: Lee Seung Gi