K pop

■ ဒီအချက်ကြောင့် Lisa ကို Bvlgari အနည်းဆုံး ဝမ် ၁၀ ဘီလီယံ ပေးရတော့မယ်တဲ့

– – – Bvlgari ကို ကမ္ဘာကျော်တွေနဲ့အတူ တက်ရောက်ခဲ့တဲ့ Lisa ကို Bvlgari ကတော့ ဒီအချက်ကြောင့် အနည်းဆုံး …

BLACKPINK အဖွဲ့ဝင် Lisa ဟာ ပါရီမှာ ကျင်းပတဲ့ ‘Bvlgari’ jewelry show ကို တက်ရောက်ခဲ့ပြီး အဲဒီပွဲမှာ ကမ္ဘာကျော်မင်းသမီးတွေဖြစ်တဲ့ Anne Hathaway၊ Priyanka Chopra တို့နဲ့ တွေ့ဆုံခဲ့တာကိုလည်း မြင်တွေ့ပြီး ဖြစ်မှာပါ။

အဲဒီလိုပွဲမျိုး တက်ရောက်တာက BLACKPINK အဖွဲ့ဝင် Lisa အတွက် သာမန်သာဖြစ်ပေမဲ့ Korean netizens အတွက်တော့ အဲဒီပွဲမှာ Lisa ရဲ့ “no bangs” look နဲ့ ပတ်သက်လို့ ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတာပါ။ Lisa ဟာ ပွဲထွက်ကတည်းက အမြဲတမ်း bangs နဲ့ပဲ မြင်တွေ့ခဲ့ရတာပါ။

ဒါကြောင့် JTBC ရဲ့ ‘Knowing Brothers’ အစီအစဉ်မှာ BLACKPINK အဖွဲ့ ပါဝင်ခဲ့တုန်းက အစီအစဉ်တင်ဆက်သူတွေက Lisa ကို ဘယ်လောက်မယ်ဆိုရင် bangs မထားတော့ဘူးလဲလို့ မေးမြန်းခဲ့ရာ သူက အနည်းဆုံး ဝမ် ၁၀ ဘီလီယံလောက် ရမယ်ဆိုရင်တော့ စဉ်းစားတာပေါ့လို့ ပြန်ဖြေခဲ့ဖူးပါတယ်။

အခု ‘Bvlgari’ jewelry show ကို Lisa အနေနဲ့ bangs မပါဘဲ တက်ရောက်ခဲ့တာကြောင့် Korean netizens တွေက Bvlgari အနေနဲ့ Lisa ကို အနည်းဆုံး ဝမ် ၁၀ ဘီလီယံ ပေးခဲ့တာ ဖြစ်မယ်လို့ အွန်လိုင်းမှာ နောက်ပြောင်နေတာ ဖြစ်ပါတယ်။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page