K Drama

■ ၁၉+ တွေ ကြည့်ရဦးမယ့် မင်းသမီး Seo Ye Ji ရဲ့ “Eve”

– – – အပိုင်း ၁ နဲ့ အပိုင်း ၂ မှာတင် ပွဲကြမ်းထားတဲ့ မင်းသမီး Seo Ye Ji ရဲ့ ဇာတ်လမ်းတွဲ “Eve” ဟာ ဒီတစ်ပတ်မှာလည်း ၁၉ ယောက် စုကြည့်ရဦးမှာပါ။

“Eve” က အချစ်ဇာတ်လမ်းတွဲ ဖြစ်ပြီး တစ်နိုင်လုံးကို တုန်လှုပ်စေတဲ့ ကျီကျီတက် ချမ်းသာတဲ့ chaebol လင်မယားရဲ့ ဝမ် ၂ ထရီလီယံတန် ကွာရှင်းမှုအကြောင်းကို ရိုက်ကူးထားတာပါ။ တကယ်တော့ ကောင်မလေးတစ်ယောက်ရဲ့ ၁၃ နှစ်ကြာ အကွက်ချစီစဉ်ထားတဲ့ လက်စားချေမှုလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသမီးချော Seo Ye Ji က Lee Ra El အဖြစ် သရုပ်ဆောင်ထားပြီး ကွာရှင်းပြတ်စဲမှုအတွက် တရားရင်ဆိုင်နေတဲ့ Park Byung Eun(Kang Yoon Kyum, the CEO of LY Group) ကို ဆွဲဆောင်သူအဖြစ် မြင်တွေ့ရမှာပါ။

“Eve” ကို အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ပြသနေပြီး ပြီးခဲ့တဲ့ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာတော့ မိသားစုနဲ့ အတူ ကြည့်ဖို့ မသင့်တော်တဲ့ ၁၉+ (၁၈+) အခန်းတွေ ပါဝင်ခဲ့တာပါ။ အခုတစ်ပတ် ကြာပတေးနေ့ ထုတ်လွှင့်မယ့် အပိုင်း ၄ မှာလည်း ၁၉+ အခန်းတွေ ပါဝင်မယ်လို့ သိရပါတယ်။

Nielsen Korea ရဲ့ ထုတ်ပြန်ချက်အရ အပိုင်း ၁ ကို ကိုရီးယားနိုင်ငံတစ်ဝန်းမှာ ကြည့်ရှုသူ 3.644 ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အပိုင်းမှာတော့ ကြည့်ရှုသူ အနည်းငယ်ပိုမိုမြင့်တက်လာကာ 3.7 ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

“Eve” အပိုင်း ၄ ကိုလည်း ၁၉+ အဖြစ် သတ်မှတ်ခဲ့ရာမှာတော့ ဇာတ်လမ်းတွဲ ကြည့်ရှုသူတွေက ပိုကောင်းလာမလားဆိုပြီး အရမ်းသိချင်နေကြတယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: Soompi

 

-Zawgyi

■ ၁၉+ ေတြ ၾကည့္ရဦးမယ့္ မင္းသမီး Seo Ye Ji ရဲ႕ “Eve”

– – – အပုိင္း ၁ နဲ႔ အပုိင္း ၂ မွာတင္ ပဲြၾကမ္းထားတဲ့ မင္းသမီး Seo Ye Ji ရဲ႕ ဇာတ္လမ္းတဲြ “Eve” ဟာ ဒီတစ္ပတ္မွာလည္း ၁၉ ေယာက္ စုၾကည့္ရဦးမွာပါ။

“Eve” က အခ်စ္ဇာတ္လမ္းတဲြ ျဖစ္ၿပီး တစ္ႏုိင္လုံးကုိ တုန္လႈပ္ေစတဲ့ က်ီက်ီတက္ ခ်မ္းသာတဲ့ chaebol လင္မယားရဲ႕ ၀မ္ ၂ ထရီလီယံတန္ ကြာရွင္းမႈအေၾကာင္းကုိ ႐ုိက္ကူးထားတာပါ။ တကယ္ေတာ့ ေကာင္မေလးတစ္ေယာက္ရဲ႕ ၁၃ ႏွစ္ၾကာ အကြက္ခ်စီစဥ္ထားတဲ့ လက္စားေခ်မႈလည္း ျဖစ္ပါတယ္။

ဒီဇာတ္လမ္းတဲြမွာ မင္းသမီးေခ်ာ Seo Ye Ji က Lee Ra El အျဖစ္ သ႐ုပ္ေဆာင္ထားၿပီး ကြာရွင္းျပတ္စဲမႈအတြက္ တရားရင္ဆုိင္ေနတဲ့ Park Byung Eun(Kang Yoon Kyum, the CEO of LY Group) ကုိ ဆဲြေဆာင္သူအျဖစ္ ျမင္ေတြ႕ရမွာပါ။

“Eve” ကုိ အပတ္စဥ္ ဗုဒၶဟူးနဲ႔ ၾကာသပေတးေန႔ေတြမွာ ျပသေနၿပီး ၿပီးခဲ့တဲ့ အပုိင္း ၁ နဲ႔ အပုိင္း ၂ မွာေတာ့ မိသားစုနဲ႔ အတူ ၾကည့္ဖုိ႔ မသင့္ေတာ္တဲ့ ၁၉+ (၁၈+) အခန္းေတြ ပါ၀င္ခဲ့တာပါ။ အခုတစ္ပတ္ ၾကာပေတးေန႔ ထုတ္လႊင့္မယ့္ အပုိင္း ၄ မွာလည္း ၁၉+ အခန္းေတြ ပါ၀င္မယ္လုိ႔ သိရပါတယ္။

Nielsen Korea ရဲ႕ ထုတ္ျပန္ခ်က္အရ အပုိင္း ၁ ကုိ ကုိရီးယားႏုိင္ငံတစ္၀န္းမွာ ၾကည့္႐ႈသူ 3.644 ရာခုိင္ႏႈန္းအထိ ရွိခဲ့ၿပီး အပုိင္းမွာေတာ့ ၾကည့္႐ႈသူ အနည္းငယ္ပုိမုိျမင့္တက္လာကာ 3.7 ရာခုိင္ႏႈန္း ရွိခဲ့တယ္လုိ႔ သိရပါတယ္။

“Eve” အပုိင္း ၄ ကုိလည္း ၁၉+ အျဖစ္ သတ္မွတ္ခဲ့ရာမွာေတာ့ ဇာတ္လမ္းတဲြ ၾကည့္႐ႈသူေတြက ပုိေကာင္းလာမလားဆုိၿပီး အရမ္းသိခ်င္ေနၾကတယ္လုိ႔ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Source: Soompi

You cannot copy content of this page