K pop

■ ၂ နှစ်ကျော်အတွင်း ကိုရီးယားမှာ ပထမဆုံးအဖြစ် BTS ပြန်လုပ်မယ့်အရာ

– – – နာမည်ကျော် BTS အဖွဲ့အနေနဲ့ ဒီလိုမလုပ်တာ ၂ နှစ်ကျော်ခဲ့ပြီ ဖြစ်ပြီး အခုတော့ Comeback နဲ့အတူ ..

Big Hit Music က BTS အဖွဲ့အနေနဲ့ ဇွန်လ ၁၀ ရက်မှာ ထုတ်ဝေမယ့် anthology album “Proof” ထွက်ပြီးနောက် ၆ ရက်အကြာမှာ ကိုရီးယား Music Shows တွေမှာ ဖျော်ဖြေသွားမှာဖြစ်ကြောင်း အခုလ အစောပိုင်းက တရားဝင်ထုတ်ပြန်ထားပါတယ်။

BTS အဖွဲ့ဟာ ဇွန် ၁၆ ရက်က စတင်ပြီး “Proof” ရဲ့ ခေါင်းစီးသီချင်း “Yet to Come” ကို ကိုရီးယား Music Shows တွေမှာ တောက်လျှောက် ဖျော်ဖြေသွားမှာဖြစ်ပြီး အဲဒီနေ့မှာ Mnet ရဲ့ “M Countdown”၊ ဇွန် ၁၇ ရက်မှာ KBS 2TV ရဲ့ “Music Bank” နဲ့ ဇွန် ၁၉ ရက်မှာ SBS ရဲ့ “Inkigayo” တို့မှာ ဆက်တိုက် ဖျော်ဖြေမှာ ဖြစစ်ပါတယ်။

BTS အဖွဲ့အနေနဲ့ ကိုရီးယား Music Shows တွေမှာ နောက်ဆုံး ဖျော်ဖြေခဲ့တာ သူတို့ရဲ့ “Map of the Soul: 7” ကို ပရိုမိုးရှင်းလုပ်တဲ့ ၂၀၂၀ မတ်လက ဖြစ်ပါတယ်။

BTS အဖွဲ့အနေနဲ့ “Proof” ရဲ့ title track “Yet to Come” ကို ဇွန်လ ၁ ရက် ကိုရီးယားစံတော်ချိန် နေ့လယ် ၁ နာရီမှာ ထုတ်လွှင့်မှာ ဖြစ်ကြောင်း သိရပါတယ်။

Source: AKP

 

-Zawgyi

■ ၂ ႏွစ္ေက်ာ္အတြင္း ကုိရီးယားမွာ ပထမဆုံးအျဖစ္ BTS ျပန္လုပ္မယ့္အရာ

– – – နာမည္ေက်ာ္ BTS အဖဲြ႕အေနနဲ႔ ဒီလုိမလုပ္တာ ၂ ႏွစ္ေက်ာ္ခဲ့ၿပီ ျဖစ္ၿပီး အခုေတာ့ Comeback နဲ႔အတူ ..

Big Hit Music က BTS အဖဲြ႕အေနနဲ႔ ဇြန္လ ၁၀ ရက္မွာ ထုတ္ေ၀မယ့္ anthology album “Proof” ထြက္ၿပီးေနာက္ ၆ ရက္အၾကာမွာ ကုိရီးယား Music Shows ေတြမွာ ေဖ်ာ္ေျဖသြားမွာျဖစ္ေၾကာင္း အခုလ အေစာပုိင္းက တရား၀င္ထုတ္ျပန္ထားပါတယ္။

BTS အဖဲြ႕ဟာ ဇြန္ ၁၆ ရက္က စတင္ၿပီး “Proof” ရဲ႕ ေခါင္းစီးသီခ်င္း “Yet to Come” ကုိ ကုိရီးယား Music Shows ေတြမွာ ေတာက္ေလွ်ာက္ ေဖ်ာ္ေျဖသြားမွာျဖစ္ၿပီး အဲဒီေန႔မွာ Mnet ရဲ႕ “M Countdown”၊ ဇြန္ ၁၇ ရက္မွာ KBS 2TV ရဲ႕ “Music Bank” နဲ႔ ဇြန္ ၁၉ ရက္မွာ SBS ရဲ႕ “Inkigayo” တုိ႔မွာ ဆက္တုိက္ ေဖ်ာ္ေျဖမွာ ျဖစစ္ပါတယ္။

BTS အဖဲြ႕အေနနဲ႔ ကုိရီးယား Music Shows ေတြမွာ ေနာက္ဆုံး ေဖ်ာ္ေျဖခဲ့တာ သူတုိ႔ရဲ႕ “Map of the Soul: 7” ကုိ ပ႐ုိမုိးရွင္းလုပ္တဲ့ ၂၀၂၀ မတ္လက ျဖစ္ပါတယ္။

BTS အဖဲြ႕အေနနဲ႔ “Proof” ရဲ႕ title track “Yet to Come” ကုိ ဇြန္လ ၁ ရက္ ကုိရီးယားစံေတာ္ခ်ိန္ ေန႔လယ္ ၁ နာရီမွာ ထုတ္လႊင့္မွာ ျဖစ္ေၾကာင္း သိရပါတယ္။

Source: AKP

You cannot copy content of this page