K pop

■ အဖွဲ့ဖျက်သိမ်းရမဲ့အနေအထားကနေ Oh My Girl ဘယ်လိုကျော်လွှားခဲ့သလဲ

– – – Oh My Girl ဟာ အလွန်ခက်ခဲကြမ်းတမ်းတဲ့ အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး……

Oh My Girl ဟာ ဒီနေ့အချိန်မှာတော့ အောင်မြင်ကျော်ကြားတဲ့ K-pop အဖွဲ့အဖြစ် ရပ်တည်နေခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ Oh My Girl ရဲ့ လျှောက်လှမ်းဟာ မချောမွေ့ခဲ့ဘဲ သူမတို့ဟာ လွန်ခဲ့တဲ့ (၃) နှစ်လောက်က အဖွဲ့ဖျက်သိမ်းရမဲ့ အနေအထားနဲ့တောင် ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပါ။ တလောက Marie Claire နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ အဖွဲ့ဝင်တွေဖြစ်တဲ့ Seunghee နဲ့ Binnie တို့က အဖွဲ့ဖျက်သိမ်းရမဲ့ အရေးနဲ့ ရင်ဆိုင်ခဲ့ရပုံကို ဖွင့်ဟခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက ထုတ်ခဲ့တဲ့ Album သာ ရလဒ်မကောင်းရင် Oh My Girl အဖွဲ့ဖျက်သိမ်းရနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေတောင် ရှိခဲ့တာပါ”လို့ Seunghee နဲ့ Binnieက ဖွင့်ဟခဲ့ပါတယ်။ အဲဒီကာလတွေက သူတို့အတွက် အလွန်ခက်ခဲတဲ့အချိန်တွေလို့ အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ပါတယ်။

ဒါပေမဲ့Secret Garden Album က အောင်မြင်ခဲ့တဲ့အခါမှာတော့ Oh My Girl ဟာ အဖွဲ့ဖျက်သိမ်းရမဲ့ ဘေးကနေ ကင်းလွတ်ပြီး အသက်ဆက်ခဲ့ရပါတယ်။ အဲဒီ Album နဲ့အတူ Oh My Girl ဟာ ပွဲထွက်ပြီးချိန်ကစလို့ Music Show မှာ ပထမဆုံးအောင်ပွဲရခဲ့ပါတယ်။

အဲဒီနောက် Oh My Girl ရဲ့ အောင်မြင်ကျော်ကြားမှုဟာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီး Nonstop,Dolphin, BUNGEE တို့လို နာမည်ကျော်သီချင်းတွေ ထုတ်ဝေခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Oh My Girl ဟာ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး အောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့ပါပြီ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

■ လြန္ခဲ့တဲ့ (၃) ႏွစ္ေလာက္က အဖြဲ႕ဖ်က္သိမ္းရမဲ့အေနအထားကေန Oh My Girl ဘယ္လိုေက်ာ္လႊားခဲ့သလဲ

– – – Oh My Girl ဟာ အလြန္ခက္ခဲၾကမ္းတမ္းတဲ့ အေနအထားနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး……

Oh My Girl ဟာ ဒီေန႔အခ်ိန္မွာေတာ့ ေအာင္ျမင္ေက်ာ္ၾကားတဲ့ K-pop အဖြဲ႕အျဖစ္ ရပ္တည္ေနခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမဲ့ Oh My Girl ရဲ႕ ေလွ်ာက္လွမ္းဟာ မေခ်ာေမြ႕ခဲ့ဘဲ သူမတို႔ဟာ လြန္ခဲ့တဲ့ (၃) ႏွစ္ေလာက္က အဖြဲ႕ဖ်က္သိမ္းရမဲ့ အေနအထားနဲ႔ေတာင္ ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရတာပါ။ တေလာက Marie Claire နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ အဖြဲ႕ဝင္ေတြျဖစ္တဲ့ Seunghee နဲ႔ Binnie တို႔က အဖြဲ႕ဖ်က္သိမ္းရမဲ့ အေရးနဲ႔ ရင္ဆိုင္ခဲ့ရပုံကို ဖြင့္ဟခဲ့ပါတယ္။

“အဲဒီအခ်ိန္တုန္းက ထုတ္ခဲ့တဲ့ Album သာ ရလဒ္မေကာင္းရင္ Oh My Girl အဖြဲ႕ဖ်က္သိမ္းရႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြေတာင္ ရွိခဲ့တာပါ”လို႔ Seunghee နဲ႔ Binnieက ဖြင့္ဟခဲ့ပါတယ္။ အဲဒီကာလေတြက သူတို႔အတြက္ အလြန္ခက္ခဲတဲ့အခ်ိန္ေတြလို႔ အဖြဲ႕ဝင္ေတြက ဖြင့္ဟခဲ့ပါတယ္။

ဒါေပမဲ့Secret Garden Album က ေအာင္ျမင္ခဲ့တဲ့အခါမွာေတာ့ Oh My Girl ဟာ အဖြဲ႕ဖ်က္သိမ္းရမဲ့ ေဘးကေန ကင္းလြတ္ၿပီး အသက္ဆက္ခဲ့ရပါတယ္။ အဲဒီ Album နဲ႔အတူ Oh My Girl ဟာ ပြဲထြက္ၿပီးခ်ိန္ကစလို႔ Music Show မွာ ပထမဆုံးေအာင္ပြဲရခဲ့ပါတယ္။

အဲဒီေနာက္ Oh My Girl ရဲ႕ ေအာင္ျမင္ေက်ာ္ၾကားမႈဟာ တျဖည္းျဖည္း ႀကီးထြားလာခဲ့ၿပီး Nonstop,Dolphin, BUNGEE တို႔လို နာမည္ေက်ာ္သီခ်င္းေတြ ထုတ္ေဝခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ Oh My Girl ဟာ အခက္အခဲေတြကို ေက်ာ္လႊားႏိုင္ခဲ့ၿပီး ေအာင္ျမင္မႈေတြကို ရယူထားႏိုင္ခဲ့ပါၿပီ။

Ref: Koreaboo

* Next In ဝက္ဘ္ဆိုက္ႏွင့္ Facebook Page မ်ားတြင္ ေဖာ္ျပထားသည့္ သတင္းမ်ားကို အျခား Page၊ Blog၊ Website မ်ားတြင္ ကူးယူေဖာ္ျပခြင့္ မျပဳပါ။ ထို႔ေၾကာင့္ Nex t In မွာ တင္ဆက္မႈမ်ားကို ကူးယူေဖာ္ျပျခင္း မလုပ္ၾကပါရန္ အႏူးအၫႊတ္ ေမတၱာရပ္ခံအပ္ပါသည္။ *

You cannot copy content of this page