Celebrity

■ Kim Sae Ron သွေးစစ်ချက်ကို ထုတ်ပြခဲ့ပြီး တရားဝင်တောင်းပန်ခဲ့တဲ့ Gold Medalist

– – – မေ ၁၈ ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ မင်းသမီး Kim Sae Ron ရဲ့ DUI blood test ကို ချပြလိုက်ပြီ ဖြစ်ပါတယ်။

မင်းသမီး Kim Sae Ron ရဲ့ အေဂျင်စီဖြစ်တဲ့ Gold Medalist က မေလ ၁၈ ရက်မှာ မူးပြီး ကားမောင်းလို့ ဆိုးလ်က Transfromer ကို ဝင်တိုက်ခဲ့တဲ့ Kim Sae Ron ရဲ့ DUI blood test ကို ချပြကာ တရားဝင်တောင်းပန်ခဲ့ပါတယ်။

မေလ ၁၈ ရက်မှာ Kim Sae Ron ဟာ ဂမ်နန်မှာ မူးပြီး ကားမောင်းခဲ့တာဖြစ်ပြီး ရဲတွေရဲ့ စစ်ဆေးကို ရှောင်ပြေးရာမှာ Transfromer ကို ဝင်တိုက်ခဲ့တာပါ။ အဲဒီနောက် ရဲတွေက သူ့ကို breathalyzer test နဲ့ blood test စစ်ဆေးခဲ့တာပါ။

ဇွန် ၁ ရက်မှာ ရဲတပ်ဖွဲ့က မင်းသမီး Kim Sae Ron အနေနဲ့ အရm် 0.08% ရှိတယ်လို့ ပြောဆိုခဲ့ရာမှာ သူ့ရဲ့ အေဂျင်စီက ငြင်းဆိုခဲ့တာပါ။ အခုအချိန်မှာတော့ Gold Medalist က သွေးစစ်ဆေးမှုအရ အရm် 0.2% ရှိတယ်လို့ ထုတ်ပြန်ခဲ့တာပါ။

Gold Medalist ရဲ့ ထုတ်ပြန်ချက်မှာ “Kim Sae Ron အနေနဲ့ စစ်ဆေးမှုတွေကို သေချာစွာ ခံယူခဲ့ကြောင်း၊ သွေးစစ်မှုအရ အရm်ပါဝင်နှုန်းဟာ 0.2% အထိ ရှိခဲ့ပြီး လိုင်စင်အသိမ်းခံနိုင်တဲ့ ပမာဏဖြစ်ကြောင်း၊ Kim Sae Ron ဟာ သူ့ရဲ့အမှားတွေအတွက် နောင်တရနေကြောင်း၊ အားလုံးစိတ်ပျက်စေခဲ့တဲ့ မင်းသမီးနဲ့အတူ တောင်းပန်ပါကြောင်း” ဖော်ပြပါရှိပါတယ်။

Source: AKP

 

-Zawgyi







Source: AKP

You cannot copy content of this page