– – – BLACKPINK အဖွဲ့ဝင် Lisa ဟာ ဟောလီဝုဒ်၊ ဘောလီဝုဒ် ကမ္ဘာကျော်မင်းသမီးတွေနဲ့အတူ ပါရီမှာ …
ကမ္ဘာကျော် လက်ဝတ်ရတနာ Brand တစ်ခုဖြစ်တဲ့ Bulgari ဟာ ပါရီမှာ ပစ္စည်းသစ် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး BLACKPINK အဖွဲ့ဝင် Lisa က အဲဒီပွဲကို Barnd Ambassador အဖြစ် တက်ရောက်ခွင့်ရခဲ့တာပါ။
အဲဒီပွဲကို BLACKPINK အဖွဲ့ဝင် Lisa အပြင် Bulgari ရဲ့ Barnd Ambassador တွေ၊ ကမ္ဘာကျော်၊ မော်ဒယ်လ်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေများစွာ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ဇွန် ၇ ရက်မှာတော့ အမေရိကမှာ အခြေချနေထိုင်တဲ့ ဘောလီဝုဒ်မင်းသမီး Priyanka Chopra ဟာ Lisa၊ ဟောလီဝုဒ်မင်းသမီး Anne Hathaway တို့နဲ့အတူ ရိုက်ကူးထားတဲ့ selfie ပုံတစ်ပုံကို သူမရဲ့ Instagram မှာ တင်ကာ Lisa နဲ့ Anne Hathaway တို့ပါ Tag တွဲခဲ့ပါတယ်။
ကြယ်ပွင့် ၃ ယောက်ဟာ ပါရီမှာ ကျင်းပတဲ့ Bulgari ရဲ့ brand’s new jewelry collection Eden The Garden of Wonders ပွဲမှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ခင်ခင်မင်မင်နှုတ်ဆက်ကာ ဓာတ်ပုံပါ အတူတွဲရိုက်ခဲ့တာ ဖြစ်ပါတယ်။
Source: AKP
-Zawgyi
■ ဟောလီဝုဒ်၊ ဘောလီဝုဒ်တို့ရဲ့ ကမ္ဘာကျော်မင်းသမီးတွေနဲ့ Selfie ဆွဲခဲ့တဲ့ Lisa
Source: AKP