Celebrity

■ IU နဲ့ သူငယ်ချင်းဆက်ဆံရေးကို ပြောပြခဲ့တဲ့ Broker မင်းသမီး

– – – Broker ရုပ်ရှပ်မှာ သူတို့နှစ်ယောက် ထိပ်တိုက်တွေ့တဲ့ အခန်းသိပ်မပါပေမဲ့ ဒီပွဲကို တက်ပြီးနောက်မှာတော့ သူတို့အကြား …

မင်းသမီး Lee Joo Young ဟာ SBS’s Power FM radio program တစ်ခုဖြစ်တဲ့ ‘Park Ha Sun’s CineTown’ မှာ ပါဝင်ခဲ့ပြီး သူ သရုပ်ဆောင်ထားတဲ့ ‘Broker’ ရုပ်ရှင်အကြောင်းကို ပြောပြကာ ပရိုမိုးရှင်း ဆင်းခဲ့ပါတယ်။

‘Broker’ က ဂျပန်နာမည်ကျော်ဒါရိုက်တာ Hirokazu Koreeda ရိုက်တဲ့ ပထမဆုံးကိုရီးယားရုပ်ရှင်ဖြစ်ပြီး ၇၅ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ရာမှာ ၁၂ မိနစ်တိုင်တိုင် မတ်တပ်ရပ် လက်ခုပ်တီးအားပေးခြင်း ခံခဲ့ရတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။

ကိန်းရုပ်ရှင်ပွဲတော်ကို တက်ရောက်ပြီးနောက်မှာ Lee Joo Young က IU နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြောင်း အဲဒီအစဉ်မှာ ဖွင့်ဟခဲ့တာပါ။ Lee Joo Young က “IU က ကျွန်မ တစ်နှစ်ငယ်တယ်။ ကိန်းရုပ်ရှင်ပွဲတော် တက်တော့ ကျွန်မတို့ နှစ်ယောက် တစ်ခန်းတည်းရတယ်။

အဲဒီမှာ ကစားတွေအများကြီး ပြောဖြစ်ပြီး သူနဲ့ သူငယ်ချင်းတွေဖြစ်လာခဲ့တာပါ။ ရုပ်ရှင်ထဲမှာတော့ သူနဲ့ ကျွန်မ ထိပ်တိုက်တွေ့တဲ့အခန်း မပါသလောက်ပါပဲ။ ဒါပေမဲ့ အခု ခင်မင်သွားပြီးဖြစ်ပြီး ဇွန်လကုန်ပိုင်းလောက်ပိုင်းဆိုရင် ဂျပန်ကို နှစ်ယောက်အတူ အလည်သွားကြမှာပါ။ Jieun, I love you” ဆိုပြီး ပြောကြားခဲ့ပါတယ်။

‘Broker’ ရုပ်ရှင်မှာ Lee Joo Young က စုံထောက် Lee အဖြစ် သရုပ်ဆောင်ထားပြီး brokers တွေအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Song Kang Ho, Kang Dong Won, Bae Doo Na နဲ့ IU တို့ကို စုံစမ်းထောက်လှမ်းသူအဖြစ် သရုပ်ဆောင်ထားတာပါ။

Source: AKP

You cannot copy content of this page