– – – Kang Dong Won နဲ့ BTS အဖွဲ့ဝင် V တို့ကို မိတ်ဆက်ပေးခဲ့သူတစ်ဦး ရှိသလို၊ V ဟာ …
‘Broker’ မင်းသား Kang Dong Won နဲ့ BTS အဖွဲ့ဝင် V ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဆက်ဆံရေးဟာ မီဒီယာတွေရဲ့ စာမျက်နှာတွေကို လွှမ်းမိုးထားပြီး သူတို့နှစ်ဦး ဘယ်လိုက ဘယ်လို သူငယ်ချင်းတွေ ဖြစ်လာသလဲဆိုတာကို ပရိသတ်တွေ တော်တော်များများ စိတ်ဝင်စားခဲ့ကြတာပါ။
ဇွန်လအစောပိုင်းက ‘Broker’ အထူးပြပွဲကို တက်ရောက်ဖို့အတွက် အမေရိကကနေ စောပြီး ပြန်လာရတဲ့အထိ V နဲ့ Kang Dong Won တို့ရဲ့ ဆက်ဆံရေးဟာ ရင်းနှီးလွန်းပြီး အခုတော့ Kang Dong Won က ပရိသတ်တွေ သိချင်နေတဲ့ အဖြေကို ပြောလိုက်တာ ဖြစ်ပါတယ်။
Kang Dong Won က “ကျွန်တော့်အတွက်တော့ V က ချစ်စရာကောင်းတဲ့ ညီလေးတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူ Broker အထူးပြပွဲကြည့်ဖို့ အမေရိကကနေ စောပြန်လာတယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ သူနဲ့ အထူးပြပွဲမှာ တွေ့တော့မှာ သိရတာပါ”လို့ ဆိုပါတယ်။
BTS အဖွဲ့ဝင်နဲ့ စသိပုံကိုလည်း Kang Dong Won က “ကျွန်တော်က Park Hyo Shin(အဆိုတော်)နဲ့ သူငယ်ချင်းပါ။ တစ်နေ့ ကျွန်တော်တို့ လျှောက်လည်ကြတော့ V လည်း ပါလာတယ်။
V က Geochang-gun ကလေ။ ကျွန်တော်က အထက်တန်းကျောင်းကို Geochang မှာ တက်ခဲ့တာ။ ဒါကြောင့် သူ ကျွန်တော် လာနှုတ်တာတဲ့။ အဲဒီကနေ ကျွန်တော်တို့ သူငယ်ချင်းဖြစ်သွားတာပါ”လို့ ဆိုပါတယ်။
Source: AKP