K pop

■ အမေရိကန်နဲ့ ဂျပန်မှာ showcase တွေ ပြုလုပ်သွားမယ့် aespa

– – – aespa အဖွဲ့အနေနဲ့ သူတို့ရဲ့ ပထမဆုံး အမေရိကခရီးစဉ်နဲ့ ဂျပန် …

aespa အဖွဲ့မှာ သူတို့အဖွဲ့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံး showcase အဖြစ် ‘SYNK’ ကို အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်မြို့(LA) မှာ ကျင်းပသွားမယ်လို့ သူတို့ရဲ့ အေဂျင်စီ SM Entertainment က ကြေညာခဲ့ပါတယ်။

Live Nation ရဲ့ ဖော်ပြချက်အရ aespa အဖွဲ့အနေနဲ့ ပထမဆုံး အမေရိက showcase ဖြစ်တဲ့ ‘SYNK’ ကို ဇွန် ၂၆ ရက်နေ့ LA က YouTube Theater မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအတွက် လက်မှတ်တွေကို ဇွန် ၁၀ ရက်မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

aespa အဖွဲ့ရဲ့ အမေရိကမှာ ပထမဆုံး solo stage ဖြစ်တာကြောင့် လက်မှတ်တွေကို အကန့်အသတ်နဲ့သာ ရောင်းချမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ပြီးတော့ aespa အဖွဲ့အနေနဲ့ ‘~SYNK~’ ကို ဂျပန်၊ Yokohama မှာလည်း သြဂုတ် ၆ ရက်နဲ့ ၇ ရက်တွေမှာ နှစ်ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။

aespa အဖွဲ့ဟာ ဇူလိုင် ၈ ရက်မှာ သူတို့ရဲ့ ဒုတိယမြောက် mini album ဖြစ်တဲ့ ‘Girls’ ကို ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

Source: AKP

You cannot copy content of this page