K pop

■ Hanteo Chart ရဲ့ 1st-Day Album Sales မှာ ဒုတိယမြောက် ရောင်းအားအကောင်းဆုံး ဖြစ်လာတဲ့ BTS ရဲ့ “Proof”

– – – BTS အဖွဲ့ရဲ့ Anthology Album “Proof” ဟာ Hanteo Chart ရဲ့ 1st-Day Album Sales မှာ ဒုတိယမြောက် ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့ပြီး ပထမကလည်း …

ဇွန် ၁၀ ရက် ကိုရီးယား စံတော်ချိန် နေ့လယ် ၁ နာရီမှာ BTS အဖွဲ့ရဲ့ anthology album “Proof” ကို ထုတ်ဝေခဲ့ပြီး Hanteo Chart ကတော့ အဲဒီ Album ဟာ သူတို့ရဲ့ 1st-Day Album Sales မှာ အချပ်ရေ 2.15 သန်း ရောင်းချခဲ့ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ Hanteo Chart ရဲ့ 1st-Day Album Sales မှာ ဒုတိယရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပြီး ပထမ ရောင်းအားအကောင်းဆုံး Album ကိုလည်း BTS အဖွဲ့ကပဲ ပိုင်ဆိုင်ထားတာပါ။

အဲဒီ Album ကတော့ BTS အဖွဲ့ရဲ့ ‘Map of the Soul: 7’ ဖြစ်ပြီး Hanteo Chart ရဲ့ 1st-Day Album Sales မှာ အချပ်ရေ 2,653,050 နဲ့ ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

BTS အဖွဲ့ရဲ့ anthology album “Proof” က ခေါင်းစီးသီချင်းက “Yet To Come” MV ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Source: AKP

You cannot copy content of this page