— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …
Korea Institute of Corporate Reputation က ဇွန်လအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေလ (၁၂)ရက်ကနေ ဇွန်လ (၁၂)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။
ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BLACKPINK၊ (G)I-DLE နဲ့ IVE တို့ ရပ်တည်ခဲ့ပါတယ်။ BLACKPINKအဖွဲ့ဟာ brand value index 3,335,959 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။
ဒုတိယနေရာမှာတော့ (G)I-DLE က 3,216,154 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ IVE အဖွဲ့က 2,892,193 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
■ ဇွန်လအတွင်း အကျော်ကြားဆုံး အမျိုးသမီးအဖွဲ့ (၁၀) ဖွဲ့
1- BLACKPINK
2- (G)I-DLE
3- IVE
4- TWICE
5- LOONA
6- Red Velvet
7- Oh My Girl
8- aespa
9- LE SSERAFIM
10- Girls’ Generation
Source: Soompi