K pop

■ ဇွန်လအတွင်း Brand Reputation မှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အမျိုးသားအဖွဲ့ (၁၀) ဖွဲ့

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အဖွဲ့တွေကတော့ …

Korea Institute of Corporate Reputation က ဇွန်လအတွက် အဆိုတော်တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေလ (၁၂)ရက်ကနေ ဇွန်လ (၁၂)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် BTS၊ SEVENTEEN နဲ့ EXO တို့ ရပ်တည်ခဲ့ပါတယ်။ BTS အဖွဲ့ဟာ brand value index 11,581,981 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ SEVENTEEN အဖွဲ့က 5,823,248 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ EXO အဖွဲ့က 2,916,453 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ ဇွန်လအတွင်း အကျော်ကြားဆုံး အမျိုးသားအဖွဲ့ (၁၀) ဖွဲ့

1- BTS
2- SEVENTEEN
3- EXO
4- BIGBANG
5- NCT
6- MONSTA X
7- ASTRO
8- THE BOYZ
9- TXT
10- BTOB

Source: Soompi

You cannot copy content of this page