K pop

■ BTS ရဲ့ Yet To Come သီချင်း Line Distributions ဘယ်လိုရှိလဲ

– – – BTS ရဲ့ “PROOF” Album က ခေါင်းစီးသီချင်းဖြစ်တဲ့ Yet To Come မှာ ဘယ်သူက ဘယ်လောက် သီဆိုခွင့်ရတယ်ဆိုတာကို …

BTS အဖွဲ့ဟာ ဇွန် ၁၀ ရက်က သူတို့ရဲ့ long-awaited anthology album ဖြစ်တဲ့ PROOF ကို ထုတ်ဝေခဲ့ပြီး ခေါင်စီးသီချင်းကတော့ အားလုံးသိကြတဲ့အတိုင်း “Yet To Come” ဖြစ်ပါတယ်။

anthology album ဖြစ်တဲ့ PROOF မှာ သီချင်းပေါင်း ၃၉ ပုဒ်အထိ ပါဝင်ပြီး အများစုကတော့ BTS အဖွဲ့ရဲ့ အရင်က Hit သီချင်းတွေကို ထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

သီချင်းသစ်ဖြစ်တဲ့ “Yet To Come” ကိုတော့ BTS အဖွဲ့က MV ထုတ်ဝေခဲ့ပြီး ထုံးစံအတိုင်း iTunes, Spotify, You Tube တွေမှာ စံချိန်တွေ တင်ခဲ့တာပါ။ “Yet To Come” သီချင်းမှာ BTS အဖွဲ့ဝင်တွေ ဘယ်လောက် သီဆိုခွင့်ရတယ်ဆိုတာကို အောက်က ဓာတ်ပုံမှာ ကြည့်နိုင်ပါတယ်။

BTS အဖွဲ့ရဲ့ anthology album “Proof” ဟာ Hanteo Chart ရဲ့ 1st-Day Album Sales မှာ အချပ်ရေ 2.15 သန်း ရောင်းချခဲ့ရပြီး ခေါင်းစီးသီချင်းက “Yet To Come” MV ကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။

Source: KBZ

-Zawgyi







Source: KBZ

You cannot copy content of this page