– – – အမျိုးသမီးတွေချည်းပဲ ဖြစ်ပြီး သူတို့အားလုံးဟာ ပွဲထွက်ချိန်မှာ အသက် ၁၄ နှစ်တောင် အများကြီး မကျော်သေးသလို၊ အဲဒီထက် ငယ်တာတွေလည်း …
5- Boeun (CLASS:y)
CLASS:y အဖွဲ့ရဲ့ lead vocalist ဟာ ၂၀၀၈ ဖေဖော်ဝါရီ ၁၁ ရက်မှာ မွေးဖွားပြီး အဖွဲ့ ပွဲထွက်တဲ့ ၂၀၂၂ မေလ ၅ ရက်မှာ Boeun ဟာ ၁၄ နှစ်၊ ၂ လနဲ့ ၂၅ ရက်သာ ရှိသေးတာပါ။
4- May (Cherry Bullet)
Cherry Bullet ရဲ့ the lead dancer, vocalist, visual နဲ့ maknae ဟာ ၂၀၀၄ နိုဝင်ဘာ ၁၆ ရက်မှာ မွေးဖွားခဲ့ပြီး အဖွဲ့ ပွဲထွက်တဲ့ ၂၀၁၉ ဇန်နဝါရီ ၂၁ ရက်မှာ သူ့အသက် ၁၄ နှစ်၊ ၂ လနဲ့ ၆ ရက်ပဲ ရှိပါသေးတယ်။
3- Wonyoung (IVE)
IVE ရဲ့ vocalist နဲ့ visual ကို ၂၀၀၄ သြဂုတ် ၃၁ မှာ မွေးဖွားခဲ့ပြီး IZ*ONE အဖွဲ့နဲ့ စတင်ပွဲထွက်ခဲ့သူပါ။ IZ*ONE အဖွဲ့က ၂၀၁၈ အောက်တိုဘာ ၂၉ ရက်မှာ ပွဲထွက်ခဲ့ပြီး အဲဒီတုန်းက Wonyoung ဟာ ၁၄ နှစ်၊ ၁ လနဲ့ ၂၉ ရက်ပဲ ရှိပါသေးတယ်။
2- Seonyou (CLASS:y)
Seonyou က CLASS:y ရဲ့ main rapper, lead dancer, vocalist နဲ့ maknae ဖြစ်ပြီး ၂၀၀၈ မေလ ၂၀ ရက်မှာ မွေးပါတယ်။ အဖွဲ့ ပွဲထွက်တဲ့ ၂၀၂၂ မေလ ၅ ရက်မှာ သူဟာ ၁၄ နှစ်၊ ၁ လနဲ့ ၁၆ ရက်ပဲ ရှိသေးတာပါ။
1- BoA
Queen of K-Pop လို့ တင်စားကြတဲ့ BoA ကတော့ K-Pop သမိုင်းမှာ အသက်အငယ်ဆုံး ပွဲထွက်သူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ BoA ကို ၁၉၈၆ နိုဝင်ဘာ ၅ ရက်မှာ မွေးဖွားခဲ့ပြီး ပွဲထွက်တာက ၂၀၀၀ သြဂုတ် ၂၅ ရက်မှာ ဖြစ်ပါတယ်။ အဲဒီတုန်းက BoA ဟာ အသက် ၁၃ နှစ်၊ ၉ လနဲ့ ၂၀ ရက်ပဲ ရှိပါသေးတယ်။
Source: Koreaboo