K pop

■ Taeyang နဲ့အတူ စားသောက်ဆိုင် သွားလည်ခဲ့တဲ့ BLACKPINK အဖွဲ့ဝင် ၂ ဦး

– – – YG Entertainment artists တွေရဲ့ ဆုံတွေ့ခြင်းကို ပရိသတ်တွေကတော့ …

YG Entertainment ရဲ့ အနုပညာရှင်တွေဟာ အရမ်းရင်းနှီးကြပြီး လက်ရှိ YG အဖွဲ့တွေထဲမှာ စီနီယာအကျဆုံး BIGBANG အဖွဲ့ဟာ BLACKPINK အဖွဲ့ ပွဲမထွက်ခင်ကတည်းက အဖွဲ့ဝင်တွေကို သူတို့သီချင်းတွေမှာ featuring ပါစေတာ၊ ဖျော်ဖြေရေးတွေ ပါဝင်စေတာနဲ့ ကူညီခဲ့ပါတယ်။

ပြီးတော့ ဆုပေးပွဲတွေမှာ အချင်းချင်း ဆုံတွေ့တဲ့အခါမျိုးတွေမှာလည်း သူတို့ကြားက နွေးထွေးတဲ့ ဆက်ဆံရေးကို မြင်ရလေ့ရှိပေမဲ့ BIGBANG အဖွဲ့ စစ်မှုထမ်းပြီးနောက်မှာတော့ အဲဒီလို မြင်ကွင်းမျိုးတွေ ရှားသွားခဲ့တာပါ။

အခုတော့ BIGBANG အဖွဲ့ဝင် Taeyang နဲ့ BLACKPINK အဖွဲ့တွေဖြစ်တဲ့ Lisa နဲ့ Jisoo တို့ဟာ စားသောက်ဆိုင်တစ်ခုမှာ အတူတူ စားသောက်ခဲ့ကြကြောင်း သိရပါတယ်။ အဲဒီစားသောက်ဆိုင်ကတော့ ဆိုးလ်ရဲ့ နာမည်ကြီး BORN & BRED စားသောက်ဆိုင်ဖြစ်ပါတယ်။

အဲဒီမှာ သူတို့ ၃ ယောက်(Taeyang၊ Lisa နဲ့ Jisoo) လာရောက် စားသောက်ခဲ့တာကို ဆိုင်ရှင်က သူတို့နဲ့ အတူ ဓာတ်ပုံရိုက်ခဲ့သလို၊ ဆိုင်ဝန်ထမ်းတွေကလည်း ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်မှာ တင်ခဲ့တာကြောင့် အခုလို သူတို့ ၃ ယောက် ဆုံတွေ့တာကို မြင်ရတာပါ။

ပရိသတ်တွေကတော့ YG Entertainment artists တွေရဲ့ ဆုံတွေ့ခြင်းကို သဘောကျနေကြပြီး အခုလို မြင်ရတာ အရမ်းစိတ်ချမ်းသာတယ်လို့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: KBZ

-Zawgyi

■ Taeyang နဲ႔အတူ စားေသာက္ဆုိင္ သြားလည္ခဲ့တဲ့ BLACKPINK အဖဲြ႕၀င္ ၂ ဦး

– – – YG Entertainment artists ေတြရဲ႕ ဆုံေတြ႕ျခင္းကုိ ပရိသတ္ေတြကေတာ့ …

YG Entertainment ရဲ႕ အႏုပညာရွင္ေတြဟာ အရမ္းရင္းႏွီးၾကၿပီး လက္ရွိ YG အဖဲြ႕ေတြထဲမွာ စီနီယာအက်ဆုံး BIGBANG အဖဲြ႕ဟာ BLACKPINK အဖဲြ႕ ပဲြမထြက္ခင္ကတည္းက အဖဲြ႕၀င္ေတြကုိ သူတုိ႔သီခ်င္းေတြမွာ featuring ပါေစတာ၊ ေဖ်ာ္ေျဖေရးေတြ ပါ၀င္ေစတာနဲ႔ ကူညီခဲ့ပါတယ္။

ၿပီးေတာ့ ဆုေပးပဲြေတြမွာ အခ်င္းခ်င္း ဆုံေတြ႕တဲ့အခါမ်ဳိးေတြမွာလည္း သူတို႔ၾကားက ေႏြးေထြးတဲ့ ဆက္ဆံေရးကုိ ျမင္ရေလ့ရွိေပမဲ့ BIGBANG အဖဲြ႕ စစ္မႈထမ္းၿပီးေနာက္မွာေတာ့ အဲဒီလုိ ျမင္ကြင္းမ်ဳိးေတြ ရွားသြားခဲ့တာပါ။

အခုေတာ့ BIGBANG အဖဲြ႕၀င္ Taeyang နဲ႔ BLACKPINK အဖဲြ႕ေတြျဖစ္တဲ့ Lisa နဲ႔ Jisoo တုိ႔ဟာ စားေသာက္ဆုိင္တစ္ခုမွာ အတူတူ စားေသာက္ခဲ့ၾကေၾကာင္း သိရပါတယ္။ အဲဒီစားေသာက္ဆုိင္ကေတာ့ ဆုိးလ္ရဲ႕ နာမည္ႀကီး BORN & BRED စားေသာက္ဆုိင္ျဖစ္ပါတယ္။

အဲဒီမွာ သူတုိ႔ ၃ ေယာက္(Taeyang၊ Lisa နဲ႔ Jisoo) လာေရာက္ စားေသာက္ခဲ့တာကုိ ဆုိင္ရွင္က သူတုိ႔နဲ႔ အတူ ဓာတ္ပုံ႐ုိက္ခဲ့သလုိ၊ ဆုိင္၀န္ထမ္းေတြကလည္း ဓာတ္ပုံ႐ုိက္ၿပီး လူမႈကြန္ရက္မွာ တင္ခဲ့တာေၾကာင့္ အခုလုိ သူတုိ႔ ၃ ေယာက္ ဆုံေတြ႕တာကုိ ျမင္ရတာပါ။

ပရိသတ္ေတြကေတာ့ YG Entertainment artists ေတြရဲ႕ ဆုံေတြ႕ျခင္းကုိ သေဘာက်ေနၾကၿပီး အခုလုိ ျမင္ရတာ အရမ္းစိတ္ခ်မ္းသာတယ္လုိ႔ မွတ္ခ်က္ေတြ ေရးသားခဲ့ၾကပါတယ္။

Source: KBZ

You cannot copy content of this page