K pop
■ BTS ထဲမှာ Choreography သင်ယူနိုင်မှု အမြန်ဆုံးနဲ့ အနှေးဆုံးအဖွဲ့ဝင်
-UNICODE
– – -ARMY တွေ တွေးထားတဲ့ အဖွဲ့ဝင်တွေနဲ့ ထပ်တူကျမလားဆိုတာကတော့….
ဒီနှစ်ပိုင်းတွေမှာ BTS အဖွဲ့က အံ့မခန်းအောင်မြင်မှုတွေကို ရယူနိုင်နေတာ ဖြစ်ပါတယ်။
BTS ရဲ့ Dynamite သီချင်းဟာ Billboard နံပါတ်တစ်နေရာမှာ ရပ်တည်နိုင်ခဲ့သလို နောက်ဆုံးမှာ BTS ဟာ GRAMMYs ရဲ့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်နိုင်ခဲ့တာအထိ အောင်မြင်မှု ကြီးမားနေတာပါ။
Radio Station တစ်ခုဖြစ်တဲ့ SiriusXM နဲ့ အင်တာဗျူးမှာတော့ BTS အဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ်အတွင်း သူတို့လိုချင်တဲ့အောင်မြင်မှုတွေအကြောင်း၊ လုပ်ချင်တဲ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ကြပါတယ်။
အဲဒီမှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုကတော့ BTS ထဲမှာ Choreography သင်ယူနိုင်မှု အမြန်ဆုံးနဲ့ အနှေးဆုံးအဖွဲ့ဝင်တွေက ဘယ်သူတွေလဲ ဆိုတာပါပဲ။ “မင်းတို့က စတိတ်ပေါ်မှာ အံ့အားသင့်ဖွယ်ကောင်းပါတယ်။ Choreography သင်ယူနိုင်မှု အမြန်ဆုံးနဲ့ အနှေးဆုံးအဖွဲ့ဝင်တွေက ဘယ်သူတွေဖြစ်မလဲ”လို့ အစီအစဉ်တင်ဆက်သူက မေးခဲ့တာပါ။
ဒီမေးခွန်းကို BTS အဖွဲ့ခေါင်းဆောင် RM က “အမြန်ဆုံးကတော့ V ဒါမှမဟုတ် Jimin၊ J-Hope တို့ ဖြစ်လိမ့်မယ်။ အနှေးဆုံးကတော့ Jin၊ RM ဖြစ်လိမ့်မယ်။ ကျွန်တော်ပါပဲ”လို့ ဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း သူတို့အလိုချင်ဆုံး အောင်မြင်မှုကတော့ GRAMMY ဆုဖြစ်တယ်လို့ BTS အဖွဲ့ဝင်တွေက ဖွင့်ဟခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
■ BTS ထဲမှာ Choreography သင်ယူနိုင်မှု အမြန်ဆုံးနဲ့ အနှေးဆုံးအဖွဲ့ဝင်တွေက ဘယ်သူတွေဖြစ်မလဲ
Ref: Koreaboo
You cannot copy content of this page