Celebrity

■ Song Kang နဲ့ Han So-hee တွဲနေတယ်လို့ သတင်းထွက်

– – – ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာပြီးနောက်မှာတော့ သူတို့နှစ်ယောက် ဒိတ်လုပ်နေကြတယ်လို့ သတင်းတွေ …

ပရိသတ်တစ်ဦး ရိုက်ထားတဲ့ ဓာတ်ပုံ ပျံ့နှံ့လာပြီးနောက်မှာတော့ မင်းသား Song Kang နဲ့ မင်းသမီး Han So-hee တို့ တွဲနေတယ်ဆိုပြီး အွန်လိုင်းမှာ သတင်းတွေ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်မှာ 【탈덕수용소】 Sojang လို့ အမည်ရတဲ့ Youtube channel က Song Kang နဲ့ Han So-hee တို့ တွဲနေပုံရတယ်ဆိုပြီး တင်ခဲ့ပြီးနောက်မှာ သူတို့နှစ်ယောက်အကြား ဒိတ်သတင်းဟာ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတာပါ။

သူတို့နှစ်ဦး “Nevertheless” လို့ အမည်ရတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ကြပြီး အခုအခါ နှစ်ယောက်သား အတူတူ လျှောက်နေတဲ့ ဓာတ်ပုံတစ်ပုံ ထွက်ပေါ်လာတာပါ။ အဲဒီဓာတ်ပုံမှာ နှစ်ယောက်စလုံးဟာ အနက်ရောင် ဝတ်ဆင်ထားတာကို တွေ့ရပါတယ်။

အဲဒီဓာတ်ပုံနဲ့ ပတ်သက်လို့ Youtuber က “Song Kang နဲ့ Han So-hee တို့ရဲ့ ဒိတ်သတင်းက ပြီးခဲ့တဲ့နှစ် ကတည်းက ထွက်နေတာပါ။ Song Kang ဟာ Hyangdong မှာ Han So-hee အိမ်နားမှာ ရှိတဲ့ gym မှာ လာကစားလေ့ရှိပါတယ်။ ပြီးတော့ သူဟာ Hyangdong ကို Han So-hee ကြောင့် ပြောင်းလာပုံရတယ်”လို့ ဆိုခဲ့တာပါ။

Sojang ရဲ့ ဗီဒီယိုအောက်မှာ သူတို့နှစ်ယောက်ကို အတူတူမြင်ဖူးကြတဲ့ အင်တာနက်အသုံးပြုသူတွေကလည်း သူတို့နှစ်ယောက် ဒိတ်နေတာ မဟုတ်ဘူးဆိုရင် ထူးဆန်းတာပေါ့။ အာ့ကြောင့် Nevertheless မှာ ပီပြင်လွန်းတယ် မှတ်တာ။ ဒါကြောင့်ကို စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Source: Koreaboo

You cannot copy content of this page