Articles K pop
■ ခွဲစိတ်ပြုပြင်နေတာတွေ ရပ်တော့လို့ ပြောတဲ့ Netizen တစ်ယောက်ကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ Jessi
-UNICODE
– – -အမြဲတမ်းဂေါ်ပြီး စကားကြွယ်တဲ့ Jessi က သူမကို တိုက်ခိုက်တဲ့ Netizen တစ်ယောက်ကို ပြန်ဖဲ့ခဲ့ပြီး…
တောင်ကိုရီးယား နာမည်ကျော ်Rapper Jessi ဟာ သိပ်မကြာခင်တုန်းက Instagram မှာ ဓာတ်ပုံများစွာ တင်ခဲ့ပါတယ်။
ဓာတ်ပုံထဲမှာတော့ Jessi ဟာ luxury အသုံးအဆောင်တွေနဲ့ ဂေါ်လွန်းပြီး မိမိုက်နေခဲ့တာပါ။ Jessi ရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ အလှက ပရိသတ်တွေကို အမြဲတမ်း ဆွဲဆောင်နေကျ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ Post မှာတော့ Netizen တစ်ယောက်က Jessi ကို တိုက်ခိုက်ခဲ့ပါတယ်။
“Jessi ရေ..မင်းကိုကြည့်ရတာ Plastic monster လိုပဲ။ ခွဲစိတ်ပြုပြင်နေတာ ရပ်လိုက်ပါတော့”လို့ Netizen တစ်ယောက်က မှတ်ချက်ဝင်ရေးခဲ့တာပါ။ အဲဒီမှတ်ချ်ကို Jessi တွေ့သွားပြီးနောက် ဒီအတိုင်း လွှတ်မထားဘဲ ပညာသားပါပါ တုံ့ပြန်ခဲ့ပါတယ်။
“ခွဲစိတ်ပြုပြင်ဖို့ ငါမှာ အချိန်မရှိဘူး”လို့ Jessi က ပြန်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ Jessi ဟာ ဒီနှစ်အတွင်း သူမရဲ့ နာမည်ကျော် Album နဲ့ အောင်မြင်ခဲ့ပြီး Sixth Sense, Hangout With Yoo တို့လို Varitey Show တွေမှာ ပါဝင်ရင်းလည်း ပရိသတ်တွေကြား ရေပန်းစားခဲ့ပါတယ်။
ဒါ့အပြင် Jessi ဟာ MAMA မှာလည်း Favorite Dance Performance Female Soloist Award ကို ရရှိခဲ့ပါတယ်။ ဒီလိုအလုပ်တွေရှုပ်လွန်းလို့ Jessi မှာ အချိန်မရှိဘူးလို့လည်း ပရိသတ်တွေက မှတ်ချက် ရေးသားခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page