– – – စစ်မှုတာဝန်ပြီးဆုံးနောက် Chen ရဲ့ ပထမဆုံး OST ဖြစ်ပြီး သီချင်းကတော့ …
EXO အဖွဲ့ဝင် Chen ဟာ လက်ရှိထုတ်လွှင့်နေတဲ့ ‘Doctor Lawyer’ ဆိုတဲ့ ဇာတ်လမ်းတွဲမှာ OST သီချင်းတစ်ပုဒ် သီဆိုထားပါတယ်။ ဒါဟာ Chen အတွက် စစ်မှုထမ်းပြီးနောက် ပထမဆုံး OST သီဆိုခြင်းလည်း ဖြစ်ပါတယ်။
‘Doctor Lawyer’ ဇာတ်လမ်းတွဲမှာ ဝါရင့်မင်းသား So Ji Sub က အဓိက သရုပ်ဆောင်ထားပြီး အသုံးချခံလိုက်ရတဲ့ ဆရာဝန်ကောင်းတစ်ယောက်က ရှေ့နေလုပ်ကာ ဆေးလောကက အကျင့်ပျက်ခြစားမှုတွေကို အကြောင်းကို ဖော်ထုတ်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
အခု Chen က အဲဒီဇာတ်လမ်းတွဲမှာ “An Unfamiliar Day” လို့ အမည်ရတဲ့ ballad သီချင်းတစ်ပုဒ်ကို သီဆိုထားတာဖြစ်ပြီး သူ့ရဲ့ သီချင်းကို အောက်က ဗီဒီယိုမှာ ခံစားနိုင်ပါတယ်။
Source: Koreaboo