– – – BLACKPINK အဖွဲ့အနေနဲ့ Korean act စံချိန်တစ်ခုကို Kill This Love နဲ့အတူ ရေးထိုးနိုင်ခဲ့တာပါ။
ဇွန် ၁၉ ရက် ကိုရီးယားစံတော်ချိန် နံနက် ၃ နာရီဝန်းကျင်မှာ BLACKPINK အဖွဲ့ရဲ့ ၂၀၁၉ ထုတ်smash hit “Kill This Love” MV ဟာ YouTube မှာ Views (၁.၆) ဘီလီယံ ကျော်ခဲ့တာဖြစ်ပြီး “DDU-DU DDU-DU” ပြီးနောက် အဲဒီလိုလုပ်နိုင်တဲ့ အဖွဲ့ရဲ့ ဒုတိယမြောက် MV အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါကြောင့် BLACKPINK အဖွဲ့ဟာ YouTube မှာ Views (၁.၆) ဘီလီယံကျော် music video(MV) နှစ်ခု ပိုင်ဆိုင်တဲ့ ပထမဆုံး Korean act အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း အဲဒီလိုမှတ်တမ်းမျိုး ပိုင်ဆိုင်တာ ကိုရီးယားအဆိုတော်တွေထဲမှာ သူတို့တစ်ဖွဲ့ပဲ ရှိတာပါ။
“Kill This Love” ကို ၂၀၁၉ ဧပြီ ၅ ရက် ညသန်းခေါင်မှာ ထုတ်လွှင့်ခဲ့ပြီး ၃ နှစ်၊ ၂ လနဲ့ ၁၄ ရက်နဲ့ ၃ နာရီအကြာမှာ YouTube မှာ Views (၁.၆) ဘီလီယံကျော်ခဲ့တာလည်း ဖြစ်ပါတယ်။
Korean music video တွေထဲမှာ “Kill This Love” နဲ့ “DDU-DU DDU-DU” တို့ပြီးနောက် YouTube Views (၁.၆) ဘီလီယံကျော်တာ PSY အဖွဲ့ legendary hit “Gangnam Style” သီချင်းတစ်ပုဒ်ပဲ ရှိတာ ဖြစ်ပါတယ်။ BLACKPINK ရဲ့ “Kill This Love” ကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။
Source: Soompi