– – -King of K-Pop ရဲ့ အလန်းစား Vogue Korea Cover ဓာတ်ပုံတွေကို မြင်တွေ့ပြီးနောက်မှာတော့ …
Vogue Korea magazine က ဇူလိုင်လ ထုတ်ဝေမယ့် G-Dragon ရဲ့ Cover ပါ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။ ကိုရီးယားမှာ ဖက်ရှင်နဲ့ပတ်သက်လို့ နံပါတ် ၁ အဖြစ် သတ်မှတ်ခံထားရသူဖြစ်လို့လည်း သူ့ရဲ့ ဓာတ်ပုံတွေကို ပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တာပါ။
Vogue Korea Cover ဓာတ်ပုံတွေမှာ ထုံးစံအတိုင်း ဘယ်သူနဲ့မှ မတူတဲ့ G-Dragon ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်၊ ပို့စ်ပုံစံတွေကို မြင်တွေ့ရမှာ ဖြစ်ပြီး ဝေဖန်လွန်းပါတယ်ဆိုတဲ့ ကိုရီးယား Netizens တွေတောင် သူ့ကို ချီးကျူးခဲ့ကြတာပါ။
ကိုရီးယား Netizens တွေက G-Dragon ရဲ့ Vogue Korea Cover ကို မြင်ပြီးနောက် လူမှုကွန်ရက်တွေမှာ သူတို့အနေနဲ့ အဲဒီမဂ္ဂဇင်းကို ဝယ်ပြီး သိမ်းထားချင်လောက်အောင် G-Dragon က ဆွဲဆောင်နိုင်ပြီး အရမ်းကို ချောလွန်းနေတယ်လို့ မှတ်ချက်ပြုခဲ့ကြတာပါ။
သူတို့က “GD ကတော့ so gorgeous ပါပဲ” “သူ ဘာလို့ ဒီလောက်အထိ ချောနိုင်ရတာလဲ” “Wow ဘယ်ဓာတ်ပုံမှ ပစ်စရာမရှိဘူး။ အားလုံးက လန်းနေတာ” “ဓာတ်ဆရာနဲ့ GD အတော်လေး မိုက်တာပဲ”
“ဒီဓာတ်ပုံတွေက ငါ့နှလုံးသားကို အားနည်းစေတယ်” “ဆရာကြီးရဲ့ Chanel photos တွေက မိမိုက်နေလွန်တာ လွန်ရော” “GD ဆိုတာ ဒါပါပဲ” စတဲ့ မှတ်ချက်တွေကို ရေးသားခဲ့ကြတာပါ။
Source: AKP