K pop

■ ဇွန်လ Brand Reputation မှာ Jimin ကို ကျော်တက်ခဲ့တဲ့ အမျိုးသား Idol (၂) ဦး

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings မှာ အမြဲတမ်း နံပါတ် (၁) မှာ ရပ်တည်လေ့ရှိတဲ့ BTS Jimin ကို ကျော်တက်ခဲ့သူတွေကတော့ …

Korea Institute of Corporate Reputation က ဇွန်လအတွက် အမျိုးသား Idol တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေလ (၁၈)ရက်ကနေ ဇွန်လ (၁၈)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် Kang Daniel၊ ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ BTS အဖွဲ့ဝင် Jimin တို့ ရပ်တည်ခဲ့ပါတယ်။ Kang Daniel ဟာ brand value index 5,253,824 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ Cha Eun Woo က 5,236,670 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ BTS အဖွဲ့ဝင် Jimin က 5,048,622 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ ဇွန်လအတွင်း အကျော်ကြားဆုံး အမျိုးသား Idol (၁၀) ဦး

1- Kang Daniel
2- ASTRO Cha Eun Woo
3- BTS Jimin
4- BTS Jungkook
5- BTS V
6- BIGBANG G-Dragon
7- BTS Jin
8- BTS Suga
9- Kim Jae Hwan
10- BTS RM

Source: Soompi

You cannot copy content of this page