K pop

■ ဇွန်လ Brand Reputation မှာ ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အမျိုးသမီး Idol (၁၀) ဦး

— – – KICR က လစဉ် ထုတ်ပြန်လေ့ရှိတဲ့ Brand Reputation Rankings စာရင်းထွက်ပေါ်လာပြီးဖြစ်ပြီး ထိပ်ဆုံးက ရပ်တည်ခဲ့တဲ့ အမျိုးသမီး Idol (၁၀) ဦးကတော့ …

Korea Institute of Corporate Reputation က ဇွန်လအတွက် အမျိုးသမီး Idol တွေရဲ့ brand value rankings စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ မေလ (၁၉)ရက်ကနေ ဇွန်လ (၁၈)ရက်အတွင်း consumer participation, media coverage, interaction နဲ့ community indexes တို့ကို ဆန်းစစ်ကာ ဒီစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

ထိပ်ဆုံး (၃)နေရာမှာ နာမည်ကျော် Red Velvet အဖွဲ့ဝင် Joy၊ BLACKPINK အဖွဲ့ဝင် Jennie နဲ့ Girls’ Generation အဖွဲ့ဝင် Taeyeon တို့ ရပ်တည်ခဲ့ပါတယ်။ Red Velvet အဖွဲ့ဝင် Joy ဟာ brand value index 3,128,020 မှတ်ရခဲ့ပြီး နံပါတ် (၁) နေရာမှာ ရပ်တည်ခဲ့တာပါ။

ဒုတိယနေရာမှာတော့ BLACKPINK အဖွဲ့ဝင် Jennie က 2,812,955 မှတ်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာ Girls’ Generation အဖွဲ့ဝင် Taeyeon က 2,696,021 မှတ်နဲ့ ရပ်တည်ခဲ့ပြီး ထိပ်ဆုံး (၁၀) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

■ ဇွန်လအတွင်း အကျော်ကြားဆုံး အမျိုးသမီး Idol (၁၀) ဦး

1- Red Velvet Joy
2- BLACKPINK Jennie
3- Girls’ Generation Taeyeon
4- BLACKPINK Jisoo
5- WJSN Bona
6- LABOUM Soyeon
7- Girls’ Generation YoonA
8- aespa Winter
9- BLACKPINK Rosé
10- aespa Karina

Source: Soompi

You cannot copy content of this page