– – – From piercings to princess, Jennie က အကုန်လုပ်ထားတာပါ။
ကိုရီးယားရဲ့ “IT” girls အဖြစ် သတ်မှတ်ခံရတဲ့ BLACKPINK အဖွဲ့ဝင် Jennie ဟာ သူ့ရဲ့ global influence ဖြစ်တဲ့ ပုံရိပ်ကို ထိန်းထားနိုင်ဆဲဖြစ်ပြီး သူ့အနေနဲ့ viral ဖြစ်နေတာ အကြောင်းမဲ့ မဟုတ်ဘူးဆိုတာကို အကြိမ်ကြိမ် သက်သေပြပြီးသားပါ။
Jennie ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း Brands ပေါင်းများစွာနဲ့ တွဲဖက်အလုပ်လုပ်ခဲ့သလို မဂ္ဂဇင်းပေါင်းများစွာရဲ့ မျက်နှာဖုံးရှင်အဖြစ်လည်း အကြိမ်ကြိမ် ဖော်ပြခံထားတဲ့ ကမ္ဘာကျော် K-Pop Idol တစ်ဦး ဖြစ်ပါတယ်။
အခုတော့ W Korea က Jennie မျက်နှာဖုံးရှင်အဖြစ် ပါဝင်ထားတဲ့ သူတို့ရဲ့ ဇူလိုင်လထုတ်မယ့် မဂ္ဂဇင်းက Jennie ရဲ့ ဓာတ်ပုံတွေကို ချပြခဲ့တာ ဖြစ်ပါတယ်။ အခုချပြလိုက်တဲ့ ပုံတွေမှာ Jennie ကို ခပ်မိုက်မိုက်ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပြီး နှာခေါင်း၊ နှုတ်ခမ်းတွေမှာပါ piercings လုပ်ထားကို မြင်တွေ့ရမှာပါ။
အဝတ်အစားတွေကလည်း တကယ်ကို အလန်းစားတွေဖြစ်ပြီး မိတ်ကပ်ကတော့ ခပ်မိုက်မိုက် ပုံစံမျိုးဖြစ်အောင် အမှောင်ဘက်ကို ပုံဖော်ထားတာက နောက်ဆုံးဓာတ်ပုံတစ်ပုံကတော့ အင်တာနက်ပေါ်က ပရိသတ်တွေကို အရည်ပျော်စေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြား မော်ဒယ်တွေလို လောင်းကုတ်တစ်ခုက ဝတ်ထားပြီး အတွင်းက ဘာမှ မဝတ်ထားတဲ့ Jennie ရဲ့ ပုံရိပ်ကို မြင်ပြီးနောက်မှာ အင်တာနက်မှာ အွန်လိုင်းအသုံးပြုသူတွေ အရည်ပျော်ခဲ့ကြတာပါ။
Source: W Korea and @jennierubyjane/Instagram