– – – ဆံပင်ပုံစံသစ်နဲ့ Karina ရဲ့ ရုပ်ထွက်ဟာ တကယ်လည်း Graphic ဆွဲထားတဲ့ အရုပ်မလေးလို …
Aespa အဖွဲ့ဝင် Karina ဟာ သူ့ရဲ့ doll-like visuals ကြောင့် အွန်လိုင်းမှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာပါ။ Schedule အတွက် အပြင်ထွက်လာတဲ့ Karina ကို ဓာတ်ပုံဆရာတစ်ယောက်က ရိုက်ပြီး အွန်လိုင်းမှာ တင်ခဲ့တဲ့ ဓာတ်ပုံဟာ အတော်လေးကို ရေပန်းစားနေတာပါ။
Karina ဟာ သူ့ရဲ့ ash brown အရောင်ဆိုးထားတာဖြစ်ပြီး အပြာရောင်ဂျင်းဘောင်ဘီနဲ့ အခုခေတ်စားနေတဲ့ လက်ပြတ်အင်္ကျီကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ ရိုးရိုးလေးသာ ဝတ်ဆင်ထားပေမဲ့ ပရိသတ်တွေကတော့ သူ့ရဲ့ doll-like visuals ကို ချီးကျူးမဆုံး ဖြစ်ခဲ့ကြပါတယ်။
အထူးသဖြင့် ဘေးတစ်စောင်းအနေအထားနဲ့ ရိုက်ကူးထားတဲ့ Karina ရဲ့ မျက်နှာဟာ အရမ်းလှတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာ ဖြစ်ပြီး AI လိုမျိုးလို့လည်း ပရိသတ်အချို့က ချီးကျူးခဲ့ကြတာ တွေ့ရပါတယ်။
Source: theqoo