K pop

■ Grammys မှာ Olivia Rodrigo ကို ကပ်တိုးလေးပြောတဲ့စကားကို BTS V ဖွင့်ဟ

– – – လူတွေက Grammys မှာ မင်း Olivia Rodrigo နားကို ကပ်ပြီး ဘာပြောခဲ့လဲဆိုပြီး ကျွန်တော့်ကို မေးကြတယ်။ ကျွန်တော် သူ့ကို ပြောခဲ့တာ …

၂၀၂၂ ဧပြီလမှာ ကျင်းပခဲ့တဲ့ Grammys ဆုပေးပွဲမှာ BTS အဖွဲ့ ပါဝင်ဖျော်ဖြေခွင့်ရခဲ့ပြီး BTS အဖွဲ့ရဲ့ Performance မစခင်မှာ အဖွဲ့ဝင် V ဟာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ အမေရိကန်အဆိုတော်မလေး Olivia Rodrigo နားကို ကပ်ကာ တီးတိုးပြောခဲ့တဲ့ အခိုက်အတန့်က လူပြောအများဆုံး ဖြစ်ခဲ့ပါတယ်။

အဲဒီမှာ BTS အဖွဲ့ဝင် V အနေနဲ့ အမေရိကန်အဆိုတော်မလေး Olivia Rodrigo ကို ဘာများ ပြောခဲ့သလဲဆိုတာကို ပရိသတ်တွေ အရမ်းကို သိချင်နေကြတာပါ။ အခုတော့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ BTS အဖွဲ့ဝင် V က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

Grammys မှာ Olivia Rodrigo နားကို ကပ်ပြီး တီးတိုးပြောခဲ့တာနဲ့ ပတ်သက်လို့ V က “လူတွေ တော်တော်များများက Grammys မှာ ကျွန်တော်နဲ့ Olivia Rodrigo တို့ ဘာတွေ တီးတိုးပြောခဲ့သလဲဆိုတာကို အရမ်းသိချင်နေကြတယ်လို့ ထင်ပါတယ်။

သေချာတာတစ်ခုကတော့ အဲဒီလိုအခြေအနေမှာ စကားပြောဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ တကယ်တော့ အဲဒီတုန်းက choreography ကြောင့် အဆင်မပြေမှာကို ကျွန်တော် အရမ်းကြောက်နေခဲ့တာပါ။ ဒီတော့ Olivia Rodrigo ကို ကျွန်တော့်အနေနဲ့ ဘာမှမပြောနိုင်ခဲ့ဘဲ blah blah blah ပဲ ပြောခဲ့တာပါ”လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ ဇာတ်တိုက်ထားခြင်းမရှိပေမဲ့ သူ Performance လုပ်ခဲ့တာကို Olivia Rodrigo က နားလည်ခဲ့ပြီး အလိုက်သင့် ကူညီပေးခဲ့တာ ဖြစ်ကြောင်းလည်း BTS အဖွဲ့ဝင် V က ပြောကြားခဲ့တာပါ။

Source: theqoo

You cannot copy content of this page