Celebrity

■ Nam Joo Hyuk အတွက် အတန်းဖော်ရေးခဲ့တဲ့ စာ ရေပန်းပြန်စား

– – – ကျောင်းအရှုပ်တော်ပုံစွပ်စွဲချက် ပေါ်လာချိန်မှာ Nam Joo Hyuk အတွက် အတန်းဖော်ရေးခဲ့တဲ့ စာ အွန်လိုင်းမှာ ရေပန်းပြန်စားနေပြီး သူ့ရဲ့ Personality ကို အဲဒီစာက အပြည့်အ၀ ပုံဖော်နိုင်တာကိုလည်း တွေ့ရပါတယ်။

နာမည်ကျော်မင်းသား Nam Joo Hyuk အနေနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့အတူ ကျောင်းသားတွေကို အနိုင်mျင့် ဗိုလ်mျမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာခဲ့ပြီး မင်းသားရဲ့ အေဂျင်စီကတော့ ချက်ချင်း ငြင်းဆန်ခဲ့သလို၊ အရေးယူမယ်လို့ ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။

အခု Nam Joo Hyuk အတွက် အတန်းဖော်တစ်ယောက် ရေးသားခဲ့တဲ့ စာက အွန်လိုင်းမှာ အလွန်ကို ရေပန်းပြန်စားနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ထွက်ပေါ်လာတဲ့ အဲဒီစာမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

“ကျွန်တော်က ၁၉၉၃ မှာ မွေးပြီး Nam Joo Hyuk ကတော့ ၁၉၉၄ မှာ မွေးတာ ထင်တယ်။ ကျွန်တော် သေချာတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်တော် တစ်နှစ်တော့ ဘေးချင်းကပ်ပြီး ထိုင်ခဲ့ကြတာပါ။ ပုံမှန်အားဖြင့် ဆိုရင် ကျောင်းမှာ ကစားသမားတွေက စာသင်ချိန်မှာ အိပ်နေလေ့ရှိတယ်။

Nam Joo Hyuk ကတော့ အဲဒီလိုမဟုတ်ပါဘူး။ သူဟာ ကျောင်းစာနဲ့ ပတ်သက်လို့ အဆင့်မကောင်းပေမဲ့ စာသင်တဲ့ အာရုံစိုက်ပြီး အပြုသဘောကောင်းတဲ့၊ အပြစ်ကင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ ကျွန်တော် အလယ်တန်းကျောင်းနေဖက်တွေကို Nam Joo Hyuk အကြောင်း မေးကြည့်တော့ သူတို့ မသိကြပါဘူး။

ဘာကြောင့်လဲဆိုတော့ Nam Joo Hyuk က အမြဲတမ်း ဘတ်စကက်ဘောပဲ ကစားနေတာကို။ သူက အတန်းသိပ်တက်လေ့မရှိပါဘူး။ ဒါကြောင့် သူ့ကို မှတ်မိတဲ့သူက ရှားပါတယ်။ ၁၀ နှစ်ကြာတဲ့အခါမှာတော့ သတင်းတွေမှာ သူ့နာမည်ကို တွေ့ရတယ်။ ဒါနဲ့ သူလားဆိုပြီး ကြည့်လိုက်တော့ တကယ်လည်း သူ ဖြစ်နေတယ်။

Nam Joo Hyuk ဆီကို ကျွန်တော် စာရေးချင်ပါတယ်။ မင်း ငါ့ကို မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မင်းကို မှတ်မိတယ်။ မင်းက အရမ်းကို အပြစ်ကင်းစင်တဲ့ ကောင်လေးဖြစ်ပြီး ငါ့ကိုလည်း စောင့်ရှောက်ခဲ့တယ်။ ဒါကြောင့် မင်းကို ငါ သတိနေရတာပါ။ အခုတော့ မင်း အလုပ်တွေ များနေမှာပေါ့။ ဒီတော့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ မင်းကို အမြဲတမ်း အားပေးနေတယ်”လို့ ရေးသားထားတာပါ။

Source: Wikitree and Nate Pann

You cannot copy content of this page