K pop

■ G-Dragon နဲ့ Lee Soo Hyuk တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို Netizens သဘောကျ

– – – YG Labelmate တွေဖြစ်တဲ့ G-Dragon နဲ့ မင်းသား Lee Soo Hyuk တို့ဟာ တစ်သက္ကရာဇ်တည်း မွေးတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ …

မင်းသားဟာ Lee Soo Hyuk ဟာ YG Labelmate ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Instagram မှာ G-Dragon ကို Tag တွဲကာ “2022 ၃၅ နှစ် …”ဆိုပြီး ရေးသားခဲ့တာပါ။

Lee Soo Hyuk နဲ့ G-Dragon တို့ဟာ ၁၉၈၈ ခုနှစ်မှာ မွေးဖွားသူတွေဖြစ်ပြီး မင်းသား Lee Soo Hyuk က မေလမှာ မွေးဖွားကာ BIGBANG အဖွဲ့ခေါင်းဆောင်ကတော့ သြဂုတ်လမှာ မွေးဖွားတာပါ။ ကိုရီးယား အသက်ရေတွက်မှုအရဆိုရင် ဒီနှစ်မှာ သူတို့ဟာ အသက် ၃၅ နှစ် ပြည့်ပြီဖြစ်ပါတယ်။

G-Dragon ဟာ Lee Soo Hyuk ရဲ့ IG story ကို သူ့ရဲ့ Instagram မှာ ပြန်ရှယ်ပြီး “မဟုတ်ဘူး။ မဟုတ်ဘူး။ ကျွန်တော်က ၃၃ ပဲ ရှိသေးတာ မဟုတ်လား” လို့ ရေးသားခဲ့သလို၊ “FOREVER YOUNG” ဆိုတဲ့ စာသားကိုလည်း ကာလ (၃) မျိုးနဲ့ ရေးသားခဲ့သေးတာပါ။

G-Dragon နဲ့ Lee Soo Hyuk တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို မြင်တွေ့ပြီးနောက်မှာတော့ Netizens တွေဟာ သူတို့ သဘောကျခဲ့ကြပြီး အွန်လိုင်းမှာ သူတို့ရဲ့ ကောင်းတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

Netizens တွေ “G-Dragon မဟုတ်ဘူး။ မဟုတ်ဘူးလို့ ပြောပုံက ချစ်စရာလေး”, “Wow … G-Dragon က သူ့ဘော်ဒါတွေကို အရမ်းတန်ဖိုးထားတာ။ သူတို့ အခုထိ ရင်းနှီးနေကြတုန်းပဲ”, “သူတို့နှစ်ယောက်ကို ကြည့်ရတာ ချစ်စရာကောင်းလိုက်တာ။ G-Dragon ရေ Lee Soo Hyuk နဲ့ပဲ ဒိတ်လိုက်ပါလား” စတဲ့ မှတ်ချက်တွေ ရေးသားခဲ့ကြတာပါ။

Source: AKP

You cannot copy content of this page